[Zawgyi]

Google Pixel 4 နဲ႔ 4 XL တို႔ကို ေၾကညာဖို႔ ၁ ပတ္ေလာက္ပဲ လိုပါေတာ့တယ္။ အခုေတာ့ Evan Blass က ကေနဒါမွာ ေရာင္းမယ့္ ေစ်းေတြကို ဖြင့္ခ်လိုက္ပါတယ္။ တန္ဖိုးအနည္းဆံုး 64GB Storage Model ရဲ႕ ေစ်းဟာ Pixel 3 ထက္ ကေနဒါ ေဒၚလာ ၅၀  ပိုမ်ားေနပါတယ္။ 128GB ကေတာ့ ကေနဒါ ေဒၚလာ ၇၀ ပိုမ်ားပါတယ္။ Pixel 4 XL ကေတာ့ Pixel 3 XL ထက္ ကေနဒါ ေဒၚလာ ၇၀ နဲ႔ ၁၀၀ အသီးသီး ပိုမ်ားေနတာပါ။

Pixel 4 64GB ဟာ ကေနဒါ ေဒၚလာ ၁,၀၅၀ ျဖစ္ၿပီး Pixel 4 XL 128GB ဟာ ကေနဒါ ေဒၚလာ ၁,၃၆၀ ျဖစ္ပါတယ္။ ျမန္မာေငြ ၁၂ သိန္းနဲ႔ ၁၅ သိန္းေလာက္ရွိပါတယ္။

မၾကာခင္ကပဲ Pixel 4 နဲ႔ Pixel 4 XL ရဲ႕ Specs အျပည့္အစံုကို 9to5Google က ခ်ျပလိုက္ပါတယ္။ အံ့အားသင့္စရာေကာင္းတာက ဘက္ထရီေတြ ျဖစ္ပါတယ္။ Pixel 4 မွာ 2,800mAh နဲ႔ 4 XL မွာ 3,700mAh Battery ေတြ ထည့္သြင္းထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ အရင္မ်ိဳးဆက္ေတြထက္ေတာင္ အားနည္းသြားပါတယ္။ Pixel 3 မွာ 2,915mAh နဲ႔ Pixel 3a မွာ 3,000mAh Battery ေတြ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ 4 XL ရဲ႕ Battery က တိုးတက္မလာဘဲ Pixel 3a XL နဲ႔ တူေနပါတယ္။

Pixel 4 Series ေတြမွာ Snapdragon 855+ မဟုတ္ဘဲ 855 သာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ထံုးစံအတိုင္းပဲ ဘူးခြံထဲမွာ နားၾကပ္ ထည့္သြင္းထားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ Google က Pixel 4 Series ေတြနဲ႔အတူ Pixel Buds 2 ႀကိဳးမဲ့နားၾကပ္ကိုပါ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ 3.5mm Audio to USB-C Cable လည္း ပါလာမွာ မဟုတ္ပါဘူး။ အဲဒီအတြက္ USB-C Headphones ကို သံုးရင္သံုး ဒါမွမဟုတ္ Bluetooth Headphones ကို သံုးရမွာပါ။  ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ Pixel 4 နဲ႔ Pixel 4 XL တို႔ကို ေၾကညာေတာ့မွာပါ။

Ref : gsmarena

[Unicode]

ကနေဒါမှာ ဈေးတွေ အရမ်းမြင့်နေတဲ့ Google Pixel 4

Google Pixel 4 နဲ့ 4 XL တို့ကို ကြေညာဖို့ ၁ ပတ်လောက်ပဲ လိုပါတော့တယ်။ အခုတော့ Evan Blass က ကနေဒါမှာ ရောင်းမယ့် ဈေးတွေကို ဖွင့်ချလိုက်ပါတယ်။ တန်ဖိုးအနည်းဆုံး 64GB Storage Model ရဲ့ ဈေးဟာ Pixel 3 ထက် ကနေဒါ ဒေါ်လာ ၅၀ ပိုများနေပါတယ်။ 128GB ကတော့ ကနေဒါ ဒေါ်လာ ၇၀ ပိုများပါတယ်။ Pixel 4 XL ကတော့ Pixel 3 XL ထက် ကနေဒါ ဒေါ်လာ ၇၀ နဲ့ ၁၀၀ အသီးသီး ပိုများနေတာပါ။

Pixel 4 64GB ဟာ ကနေဒါ ဒေါ်လာ ၁,၀၅၀ ဖြစ်ပြီး Pixel 4 XL 128GB ဟာ ကနေဒါ ဒေါ်လာ ၁,၃၆၀ ဖြစ်ပါတယ်။ မြန်မာငွေ ၁၂ သိန်းနဲ့ ၁၅ သိန်းလောက်ရှိပါတယ်။

မကြာခင်ကပဲ Pixel 4 နဲ့ Pixel 4 XL ရဲ့ Specs အပြည့်အစုံကို 9to5Google က ချပြလိုက်ပါတယ်။ အံ့အားသင့်စရာကောင်းတာက ဘက်ထရီတွေ ဖြစ်ပါတယ်။ Pixel 4 မှာ 2,800mAh နဲ့ 4 XL မှာ 3,700mAh Battery တွေ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အရင်မျိုးဆက်တွေထက်တောင် အားနည်းသွားပါတယ်။ Pixel 3 မှာ 2,915mAh နဲ့ Pixel 3a မှာ 3,000mAh Battery တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 4 XL ရဲ့ Battery က တိုးတက်မလာဘဲ Pixel 3a XL နဲ့ တူနေပါတယ်။

Pixel 4 Series တွေမှာ Snapdragon 855+ မဟုတ်ဘဲ 855 သာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ထုံးစံအတိုင်းပဲ ဘူးခွံထဲမှာ နားကြပ် ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Google က Pixel 4 Series တွေနဲ့အတူ Pixel Buds 2 ကြိုးမဲ့နားကြပ်ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ 3.5mm Audio to USB-C Cable လည်း ပါလာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် USB-C Headphones ကို သုံးရင်သုံး ဒါမှမဟုတ် Bluetooth Headphones ကို သုံးရမှာပါ။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ Pixel 4 နဲ့ Pixel 4 XL တို့ကို ကြေညာတော့မှာပါ။

Ref : gsmarena