[Zawgyi]
Realme X2 ကို ေၾကညာထားတာ ၂ ပတ္ေလာက္ပဲရွိပါေသးတယ္။ အခုေတာ့ ဥေရာပ ႏုိင္ငံေတြမွာ စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။ Spain, Belgium, France, Italy, Luxembourg, the Netherlands, Poland, Portugal နဲ႔ UK တို႔မွာ ၀ယ္ယူႏုိင္ပါၿပီ။ Pearl Blue နဲ႔ Pearl White အေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ ယူရို ၃၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၀၀,၀၀၀ ေလာက္ရွိပါတယ္။ ဥေရာပမွာ 8/128GB Model ၁ မ်ိဳးကိုပဲ ေရာင္းခ်ေပးထားပါတယ္။
Realme X2 ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Realme X2 ကို မေၾကညာခင္ ၁ ပတ္အလိုက Realme XT ကို မိတ္ဆက္ခဲ့ပါတယ္။ Realme X2 ဟာ XT ကို အေျခခံၿပီး ထုတ္လုပ္ထားတာ ျဖစ္ေပမယ့္ Snapdragon 730G SoC, 32MP Selfie Camera နဲ႔ 30W VOOC Flash Charge 4.0 ေတြ ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ NFC Chip လည္း ပါလာပါတယ္။ ဂိမ္းအသားေပး Chipset ျဖစ္တဲ့ အတြက္ ဂိမ္း ကစားရင္ ဖလန္းဖလန္းထေနမွာပါ။ Flash Charge 4.0 ကလည္း အားသြင္းရင္ အရမ္းကို ျမန္ပါတယ္။
X2 မွာ XT မွာလို ၆.၄ လက္မ FHD+ Super AMOLED Display နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။ ColorOS 6 နဲ႔ 4,000mAh Battery ေတြ ပါပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္ထားၿပီး 64MP+8MP+2MP+2MP ေတြ ျဖစ္ပါတယ္။ XT မွာ မပါတဲ့ 8MP Ultrawide Angle Camera နဲ႔ ဗီဒီယို ရိုက္ကူးျခင္း ၊ Real-time Video Bokeh တို႔လို ကင္မရာ လုပ္ေဆာင္ခ်က္ေတြ X2 မွာ ပါလာပါတယ္။
Ref : gsmarena
[Unicode]
Realme X2 ကို ဥရောပမှာ ရောင်းပြီ
Realme X2 ကို ကြေညာထားတာ ၂ ပတ်လောက်ပဲရှိပါသေးတယ်။ အခုတော့ ဥရောပ နိုင်ငံတွေမှာ စတင် ရောင်းချပေးလိုက်ပါပြီ။ Spain, Belgium, France, Italy, Luxembourg, the Netherlands, Poland, Portugal နဲ့ UK တို့မှာ ဝယ်ယူနိုင်ပါပြီ။ Pearl Blue နဲ့ Pearl White အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ယူရို ၃၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅၀၀,၀၀၀ လောက်ရှိပါတယ်။ ဥရောပမှာ 8/128GB Model ၁ မျိုးကိုပဲ ရောင်းချပေးထားပါတယ်။
Realme X2 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Realme X2 ကို မကြေညာခင် ၁ ပတ်အလိုက Realme XT ကို မိတ်ဆက်ခဲ့ပါတယ်။ Realme X2 ဟာ XT ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် Snapdragon 730G SoC, 32MP Selfie Camera နဲ့ 30W VOOC Flash Charge 4.0 တွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် NFC Chip လည်း ပါလာပါတယ်။ ဂိမ်းအသားပေး Chipset ဖြစ်တဲ့ အတွက် ဂိမ်း ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Flash Charge 4.0 ကလည်း အားသွင်းရင် အရမ်းကို မြန်ပါတယ်။
X2 မှာ XT မှာလို ၆.၄ လက်မ FHD+ Super AMOLED Display နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ ColorOS 6 နဲ့ 4,000mAh Battery တွေ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်ထားပြီး 64MP+8MP+2MP+2MP တွေ ဖြစ်ပါတယ်။ XT မှာ မပါတဲ့ 8MP Ultrawide Angle Camera နဲ့ ဗီဒီယို ရိုက်ကူးခြင်း ၊ Real-time Video Bokeh တို့လို ကင်မရာ လုပ်ဆောင်ချက်တွေ X2 မှာ ပါလာပါတယ်။
Ref : gsmarena