Unicode

Samsung ကနေ လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်လာဖို့ရှိနေတဲ့ Galaxy S11 ဖုန်းတွေဟာ အခုအချိန်မှာ S11 ၊ S11+ နဲ့ S11e ဖုန်းတွေအကုန်လုံးအတွက် Render ပုံတွေထွက်ရှိပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Galaxy S11 နဲ့ ဆိုင်တဲ့သတင်းတစ်ခုထက်ပြီး ထွက်ရှိလာပြန်ပါပြီ။

ဒီတစ်ကြိမ်မှာတော့ Samsung Galaxy S11 ရဲ့ Screen Protector ဓါတ်ပုံပေါက်ကြားလာတာပဲဖြစ်ပါတယ်။ အခု ဓါတ်ပုံအရ Galaxy S11 ဟာ ယခင် Galaxy S10 ထက် ပိုပြီးသေးငယ်တဲ့ Selfie Camera အပြင် ဘေးဘောင်တွေကလည်း သိသိသာသာကိုပိုပြီး ပါးလာတာကိုတွေ့ရပါတယ်။ အောက်ဖက် Chin အနေနဲ့ကတော့ ဘေးဘောင်တွေလောက်တော့ မပါးလွှာသေးပေမယ့် S10 နဲ့ယှဥ်ရင် ပိုပြီးပါးလာတာဖြစ်ပါတယ်။

လာမယ့် Galaxy S11 Series ဖုန်းတွေအားလုံးဟာ Selfie Camera ကို Display ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာပဲ တစ်ခုထဲတပ်ဆင်ထားမှာဖြစ်ပြီးတော့ Screen Size တွေအနေနဲ့ S11+ မှာ 6.9″ QHD+ ၊ S11 မှာဆိုရင် 6.7″ QHD+ နဲ့ S11e မှာတော့ 6.4″ FHD+ ဖြစ်လာမယ့်အပြင် Dynamic AMOLED Display ကိုအသုံးပြုလာမှာလည်းဖြစ်ပါတယ်။ Screen Refresh Rate အနေနဲ့လည်း 120Hz အထိကို Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy S11 Series ဖုန်းတွေဟာ မိတ်ဆက်ဖို့ကို အချိန်လိုသေးတယ်လို့ ပြောလို့ရပေမယ့် ပါဝင်လာမယ့် Specs တွေနဲ့ Feature တွေကတော့ တော်တော်များများကို ပေါက်ကြားနေပါပြီ။

Ref – GSM Arena

Zawgyi

Samsung ကေန လာမယ့္ႏွစ္အေစာပိုင္းမွာ မိတ္ဆက္လာဖို႔ရွိေနတဲ့ Galaxy S11 ဖုန္းေတြဟာ အခုအခ်ိန္မွာ S11 ၊ S11+ နဲ႔ S11e ဖုန္းေတြအကုန္လုံးအတြက္ Render ပုံေတြထြက္ရွိၿပီးျဖစ္ပါတယ္။ အခုလည္း ေနာက္ထပ္ Galaxy S11 နဲ႔ ဆိုင္တဲ့သတင္းတစ္ခုထက္ၿပီး ထြက္ရွိလာျပန္ပါၿပီ။

ဒီတစ္ႀကိမ္မွာေတာ့ Samsung Galaxy S11 ရဲ႕ Screen Protector ဓါတ္ပုံေပါက္ၾကားလာတာပဲျဖစ္ပါတယ္။ အခု ဓါတ္ပုံအရ Galaxy S11 ဟာ ယခင္ Galaxy S10 ထက္ ပိုၿပီးေသးငယ္တဲ့ Selfie Camera အျပင္ ေဘးေဘာင္ေတြကလည္း သိသိသာသာကိုပိုၿပီး ပါးလာတာကိုေတြ႕ရပါတယ္။ ေအာက္ဖက္ Chin အေနနဲ႔ကေတာ့ ေဘးေဘာင္ေတြေလာက္ေတာ့ မပါးလႊာေသးေပမယ့္ S10 နဲ႔ယွဥ္ရင္ ပိုၿပီးပါးလာတာျဖစ္ပါတယ္။

လာမယ့္ Galaxy S11 Series ဖုန္းေတြအားလုံးဟာ Selfie Camera ကို Display ရဲ႕ အေပၚဘက္ အလယ္တည့္တည့္မွာပဲ တစ္ခုထဲတပ္ဆင္ထားမွာျဖစ္ၿပီးေတာ့ Screen Size ေတြအေနနဲ႔ S11+ မွာ 6.9″ QHD+ ၊ S11 မွာဆိုရင္ 6.7″ QHD+ နဲ႔ S11e မွာေတာ့ 6.4″ FHD+ ျဖစ္လာမယ့္အျပင္ Dynamic AMOLED Display ကိုအသုံးျပဳလာမွာလည္းျဖစ္ပါတယ္။ Screen Refresh Rate အေနနဲ႔လည္း 120Hz အထိကို Support ျပဳလုပ္လာဖြယ္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Galaxy S11 Series ဖုန္းေတြဟာ မိတ္ဆက္ဖို႔ကို အခ်ိန္လိုေသးတယ္လို႔ ေျပာလို႔ရေပမယ့္ ပါဝင္လာမယ့္ Specs ေတြနဲ႔ Feature ေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားကို ေပါက္ၾကားေနပါၿပီ။

Ref – GSM Arena