[Unicode]

Huawei တို့ရဲ့ အနီရောင်အိပ်မက်က လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက မက်ခဲ့ကြတာပါ။ ဒါပေမယ့် တရုတ်အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပိတ်ဆို့မှုတွေကို ရင်ဆိုင်ရပြီးချိန်မှာတော့ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးက သူတို့ရဲ့အိပ်မက်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ဖြစ်လာပါတော့တယ်။

တစ်ချိန်က Red Dream (HongMeng) လို့လူသိများခဲ့တဲ့ မောင်းနှင်မှုစနစ်ဟာ အခုအချိန်မှာတော့ HarmonyOS အဖြစ် ပိုပြီးလူသိများလာပြီဖြစ်ပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် OS ဟာ ပြီးခဲ့တဲ့ သြဂုတ်လ Huawei Developers Conference မှာ တရားဝင် မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ ဒီ OS နဲ့မောင်းနှင်ထားတဲ့ Device တွေကို လာမယ့်နှစ်မှာ နိုင်ငံတကာဈေးကွက်အထိ ဖြန့်ချိမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သူတို့ရဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေကိုတော့ ကိုယ်ပိုင် OS ဆီပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ကုမ္ပဏီဟာ Harmony Phone တွေကို ဒီနှစ်ထဲမှာ ထုတ်သွားဖို့အစီအစဉ်မရှိဘူးလို့ အစောကတည်းက ပြောခဲ့ပေမယ့် လာမယ့်နှစ်မှာလည်း ပြောင်းလဲဦးမယ့် ပုံစံမှာ ရှိမနေပါဘူး။

ဖြစ်နိုင်တာကတော့ အဓိကထုတ်ကုန်တွေမဟုတ်တဲ့ စမတ်နာရီလို ထုတ်ကုန်တွေမှာပဲ သုံးလာဖွယ် ရှိပါတယ်။ Huawei ဟာ Harmony နဲ့ မောင်းနှင်ထားတဲ့ စမတ်စပီကာနဲ့ VR devices တွေကို တည်ဆောက်ဖို့လည်း အစီအစဉ်ချမှတ်ထားပါတယ်။ ဒီလမ်းကြောင်းထဲမှာ စမတ်တီဗီလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီကြီးအနေနဲ့ HarmonyOS ကို ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေပေမယ့် လက်ရှိအခြေအနေအတိုင်း စမတ်ဖုန်းတွေကို Android နဲ့ပဲ ဆက်ပြီးထားရှိချင်တဲ့ ပုံစံမှာရှိနေပါတယ်။ အခုလောလောဆယ် သက်တမ်းတိုးပေးထားတဲ့ခွင့်ပြုချက်သာ ပျက်ပြယ်သွားခဲ့ရင်တော့ Huawei အနေနဲ့ HarmonyOS ကိုပဲ အားထားလာရဖွယ် ၇ှိနေပါတယ်။

Ref: GSM Arena

[Zawgyi]

လာမယ့္ႏွစ္မွာ HarmonyOS device ေတြပိုထုတ္ၿပီး ႏိုင္ငံတကာေဈးကြက္ထဲ ျဖန႔္ခ်ိလာဖြယ္ရွိတဲ့ Huawei

Huawei တို႔ရဲ႕ အနီေရာင္အိပ္မက္က လြန္ခဲ့တဲ့ႏွစ္အတန္ၾကာကတည္းက မက္ခဲ့ၾကတာပါ။ ဒါေပမယ့္ တ႐ုတ္အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ပိတ္ဆို႔မႈေတြကို ရင္ဆိုင္ရၿပီးခ်ိန္မွာေတာ့ တ႐ုတ္အေျခစိုက္ နည္းပညာကုမၸဏီႀကီးက သူတို႔ရဲ႕အိပ္မက္ကို ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ဖို႔ ျဖစ္လာပါေတာ့တယ္။

တစ္ခ်ိန္က Red Dream (HongMeng) လို႔လူသိမ်ားခဲ့တဲ့ ေမာင္းႏွင္မႈစနစ္ဟာ အခုအခ်ိန္မွာေတာ့ HarmonyOS အျဖစ္ ပိုၿပီးလူသိမ်ားလာၿပီျဖစ္ပါတယ္။ Huawei ရဲ႕ ကိုယ္ပိုင္ OS ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ Huawei Developers Conference မွာ တရားဝင္ မိတ္ဆက္ခဲ့ၿပီး ျဖစ္ပါတယ္။ အခုေတာ့ ဒီ OS နဲ႔ေမာင္းႏွင္ထားတဲ့ Device ေတြကို လာမယ့္ႏွစ္မွာ ႏိုင္ငံတကာေဈးကြက္အထိ ျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း သူတို႔ရဲ႕ ဖုန္းေတြ၊ တက္ဘလက္ေတြ၊ ကြန္ပ်ဴတာေတြကိုေတာ့ ကိုယ္ပိုင္ OS ဆီေျပာင္းလဲဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ကုမၸဏီဟာ Harmony Phone ေတြကို ဒီႏွစ္ထဲမွာ ထုတ္သြားဖို႔အစီအစဥ္မရွိဘူးလို႔ အေစာကတည္းက ေျပာခဲ့ေပမယ့္ လာမယ့္ႏွစ္မွာလည္း ေျပာင္းလဲဦးမယ့္ ပုံစံမွာ ရွိမေနပါဘူး။

ျဖစ္ႏိုင္တာကေတာ့ အဓိကထုတ္ကုန္ေတြမဟုတ္တဲ့ စမတ္နာရီလို ထုတ္ကုန္ေတြမွာပဲ သုံးလာဖြယ္ ရွိပါတယ္။ Huawei ဟာ Harmony နဲ႔ ေမာင္းႏွင္ထားတဲ့ စမတ္စပီကာနဲ႔ VR devices ေတြကို တည္ေဆာက္ဖို႔လည္း အစီအစဥ္ခ်မွတ္ထားပါတယ္။ ဒီလမ္းေၾကာင္းထဲမွာ စမတ္တီဗီလည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။

တ႐ုတ္အေျခစိုက္ကုမၸဏီႀကီးအေနနဲ႔ HarmonyOS ကို ပိုၿပီးဖြံ႕ၿဖိဳးတိုးတက္ဖို႔ ႀကိဳးစားေနေပမယ့္ လက္ရွိအေျခအေနအတိုင္း စမတ္ဖုန္းေတြကို Android နဲ႔ပဲ ဆက္ၿပီးထားရွိခ်င္တဲ့ ပုံစံမွာရွိေနပါတယ္။ အခုေလာေလာဆယ္ သက္တမ္းတိုးေပးထားတဲ့ခြင့္ျပဳခ်က္သာ ပ်က္ျပယ္သြားခဲ့ရင္ေတာ့ Huawei အေနနဲ႔ HarmonyOS ကိုပဲ အားထားလာရဖြယ္ ရွိေနပါတယ္။

Ref: GSM Arena