[Unicode]

Acer က Spin Laptop အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Spin 3 နဲ့ Spin 5 လို့ နာမည်ပေးထားပြီး Intel Ice Lake 10th Gen CPU တွေ ပါပါတယ်။ Laptop ၂ လုံးစလုံးမှာ ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်နဲ့ ဒစ်ဂျစ်တယ် ဘောပင် ပါပါတယ်။ ထိတွေ့မျက်နှာပြင်မှာ ဒစ်ဂျစ်တယ် ဘောပင်နဲ့ စာရေးတာ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။ Acer Active Stylus ကို Laptop ကိုယ်ထည်က Charging Slot မှာ သိမ်းထားနိုင်ပါတယ်။

Laptop ၂ လုံးမှာ Spin 5 က ပိုဈေးကြီးပြီး Processor နဲ့ မျက်နှာပြင် အရည်အသွေးက ပိုလန်းပါတယ်။ ၁၃.၅ လက်မ 2256×1504 IPS မျက်နှာပြင် ပါလာ ပြီး မျက်နှာပြင် အချိုးက 3:2 ဖြစ်ပါတယ်။ Intel Core i7 ဒါမှမဟုတ် i5 Processor တွေ ရွေးချယ်နိုင်ပါတယ်။ 16GB RAM နဲ့ 1TB NVMe Storage တွေထည့်သွင်းထားပြီး 56Wh ဘက်ထရီက ၁၅ နာရီအထိ အသုံးခံပါတယ်။

Spin 3 မှာ မျက်နှာပြင် အရွယ်က အနည်းငယ်ပိုကြီးလာပြီး ၁၄ လက်မ ဖြစ်လာပါတယ်။ ဒါပေမယ့် အရည်အသွေးက နိမ့်သွားပြီး 1080p ပဲပါပါတယ်။ Core i5 ဒါမှမဟုတ် i3 တွေ ထုတ်လုပ်ထားပါတယ်။ ဘက်ထရီ သက်တမ်းက နည်းသွားပြီး အများဆုံး ၁၂ နာရီအထိပဲ အသုံးခံပါတယ်။ 16GB RAM နဲ့ 1TB Storage တွေက မိုက်ပါတယ်။

Spin 3 နဲ့ Spin 5 မှာ သီးခြား GPU မပါဘဲ Intel ရဲ့ Integrated Graphics ပဲ ပါတဲ့အတွက် အလန်းစား ဂိမ်းတွေ ကစားရင် အားနည်းမှာပါ။ ဒါပေမယ့် Laptop လိုရော Tablet လိုပါ သုံးနိုင်ပြီး ဒစ်ဂျစ်တယ် ဘောပင် ပါတာက မိုက်ပါတယ်။ Spin 5 ကို မြောက်အမေရိကမှာ ၈၉၉ ဒေါ်လာနဲ့ ဇွန်လမှာ ရောင်းမှာပါ။ Spin 3 ကို ဧပြီလမှာ ၆၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာပါ။ မြန်မာငွေ ၁၃ သိန်းနဲ့ ၁၀ သိန်းလောက် အသီးသီးကျသင့်မှာပါ။

Ref : theverge

[Zawgyi]

Acer က Intel 10th Gen Chip ေတြနဲ႔ အဆင့္ျမွင့္ထားတဲ့ Spin Laptop ေတြကို ေၾကညာ

Acer က Spin Laptop အသစ္ ၂ လံုးကို ေၾကညာလိုက္ပါတယ္။ Spin 3 နဲ႔ Spin 5 လို႔ နာမည္ေပးထားၿပီး Intel Ice Lake 10th Gen CPU ေတြ ပါပါတယ္။ Laptop ၂ လံုးစလံုးမွာ ၃၆၀ ဒီဂရီ ေခါက္ခ်ိဳးႏိုင္တဲ့ မ်က္ႏွာျပင္နဲ႔ ဒစ္ဂ်စ္တယ္ ေဘာပင္ ပါပါတယ္။ ထိေတြ႕မ်က္ႏွာျပင္မွာ ဒစ္ဂ်စ္တယ္ ေဘာပင္နဲ႔ စာေရးတာ၊ ပံုဆြဲတာေတြ ျပဳလုပ္ႏိုင္ပါတယ္။ Acer Active Stylus ကို Laptop ကိုယ္ထည္က Charging Slot မွာ သိမ္းထားႏုိင္ပါတယ္။

Laptop ၂ လံုးမွာ Spin 5 က ပိုေစ်းႀကီးၿပီး Processor နဲ႔ မ်က္ႏွာျပင္ အရည္အေသြးက ပိုလန္းပါတယ္။ ၁၃.၅ လက္မ 2256×1504 IPS မ်က္ႏွာျပင္ ပါလာ ၿပီး မ်က္ႏွာျပင္ အခ်ိဳးက 3:2 ျဖစ္ပါတယ္။ Intel Core i7 ဒါမွမဟုတ္ i5 Processor ေတြ ေရြးခ်ယ္ႏိုင္ပါတယ္။ 16GB RAM နဲ႔ 1TB NVMe Storage ေတြထည့္သြင္းထားၿပီး 56Wh ဘက္ထရီက ၁၅ နာရီအထိ အသံုးခံပါတယ္။

Spin 3 မွာ မ်က္ႏွာျပင္ အရြယ္က အနည္းငယ္ပိုႀကီးလာၿပီး ၁၄ လက္မ ျဖစ္လာပါတယ္။ ဒါေပမယ့္ အရည္အေသြးက နိမ့္သြားၿပီး 1080p ပဲပါပါတယ္။ Core i5 ဒါမွမဟုတ္ i3 ေတြ ထုတ္လုပ္ထားပါတယ္။ ဘက္ထရီ သက္တမ္းက နည္းသြားၿပီး အမ်ားဆံုး ၁၂ နာရီအထိပဲ အသံုးခံပါတယ္။ 16GB RAM နဲ႔ 1TB Storage ေတြက မိုက္ပါတယ္။

Spin 3 နဲ႔ Spin 5 မွာ သီးျခား GPU မပါဘဲ Intel ရဲ႕ Integrated Graphics ပဲ ပါတဲ့အတြက္ အလန္းစား ဂိမ္းေတြ ကစားရင္ အားနည္းမွာပါ။ ဒါေပမယ့္ Laptop လိုေရာ Tablet လိုပါ သံုးႏိုင္ၿပီး ဒစ္ဂ်စ္တယ္ ေဘာပင္ ပါတာက မိုက္ပါတယ္။ Spin 5 ကို ေျမာက္အေမရိကမွာ ၈၉၉ ေဒၚလာနဲ႔ ဇြန္လမွာ ေရာင္းမွာပါ။ Spin 3 ကို ဧၿပီလမွာ ၆၉၉ ေဒၚလာနဲ႔ ၀ယ္ယူႏိုင္မွာပါ။ ျမန္မာေငြ ၁၃ သိန္းနဲ႔ ၁၀ သိန္းေလာက္ အသီးသီးက်သင့္မွာပါ။

Ref : theverge