[Unicode]
Qualcomm Snapdragon 855 Plus SoC ပါတဲ့ Black Shark 2 Pro ကို အရင်နှစ် ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းအတွက် 12/128GB နဲ့ 12/256GB မော်ဒယ်တွေ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ 8/128GB မော်ဒယ်ကို တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ ၂,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၇၀,၀၀၀ လောက်ကျသင့်မှာပါ။
အဲဒီမော်ဒယ်အတွက် Electron Black အရောင် ၁ မျိုးထဲပဲ ထုတ်လုပ်ပေးထားပါတယ်။ Black Shark 2 Pro ရဲ့ အလန်းဆုံး အစိတ်အပိုင်းက Snapdragon 855 Plus ဖြစ်ပါတယ်။ Snapdragon 855 ထက် CPU နဲ့ GPU ရဲ့ Clock Speed က ပိုမြင့်ပါတယ်။
Black Shark 2 Pro မှာ ၆.၃၉ လက်မ Super AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး Notch မပါပါဘူး။ Full HD+ Resolution ဖြစ်ပြီး 240Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် အရမ်းကို မြန်ဆန်သွက်လက်မှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ Sony IMX586 48MP Main ကင်မရာနဲ့ 2x Optical Zoom ပါတဲ့ 12MP Telephoto ကင်မရာ ထည့်သွင်းထားပါတယ်။
အရှေ့ဘက်မှာ 20MP ကင်မရာ ပါလာပြီး Android 9 Pie အခြေပြု Black Shark OS UI ထည့်သွင်းထားပါတယ်။ 4000mAh ဘက်ထရီမှာ 27W Fast Charging ပါတဲ့အတွက် အားသွင်းရင် အရမ်းမြန်ပါတယ်။
Ref : gizmochina
[Zawgyi]
Black Shark 2 Pro ရဲ႕ 8/128GB ေမာ္ဒယ္ကို တ႐ုတ္မွာ ေရာင္းၿပီ
Qualcomm Snapdragon 855 Plus SoC ပါတဲ့ Black Shark 2 Pro ကို အရင္ႏွစ္ ဇူလိုင္လမွာ ေၾကညာခဲ့ပါတယ္။ အဲဒီဖုန္းအတြက္ 12/128GB နဲ႔ 12/256GB ေမာ္ဒယ္ေတြ ေရာင္းခ်ေပးခဲ့ပါတယ္။ အခုေတာ့ 8/128GB ေမာ္ဒယ္ကို တ႐ုတ္မွာ ေရာင္းေပးလိုက္ပါၿပီ။ ၂,၆၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၇၀,၀၀၀ ေလာက္က်သင့္မွာပါ။
အဲဒီေမာ္ဒယ္အတြက္ Electron Black အေရာင္ ၁ မ်ိဳးထဲပဲ ထုတ္လုပ္ေပးထားပါတယ္။ Black Shark 2 Pro ရဲ႕ အလန္းဆုံး အစိတ္အပိုင္းက Snapdragon 855 Plus ျဖစ္ပါတယ္။ Snapdragon 855 ထက္ CPU နဲ႔ GPU ရဲ႕ Clock Speed က ပိုျမင့္ပါတယ္။
Black Shark 2 Pro မွာ ၆.၃၉ လက္မ Super AMOLED မ်က္ႏွာျပင္တပ္ဆင္ထားၿပီး Notch မပါပါဘူး။ Full HD+ Resolution ျဖစ္ၿပီး 240Hz Touch Sampling Rate ပါတဲ့အတြက္ ဂိမ္းကစားရင္ အရမ္းကို ျမန္ဆန္သြက္လက္မွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားၿပီး အေနာက္ဘက္မွာ Sony IMX586 48MP Main ကင္မရာနဲ႔ 2x Optical Zoom ပါတဲ့ 12MP Telephoto ကင္မရာ ထည့္သြင္းထားပါတယ္။
အေရွ႕ဘက္မွာ 20MP ကင္မရာ ပါလာၿပီး Android 9 Pie အေျချပဳ Black Shark OS UI ထည့္သြင္းထားပါတယ္။ 4000mAh ဘက္ထရီမွာ 27W Fast Charging ပါတဲ့အတြက္ အားသြင္းရင္ အရမ္းျမန္ပါတယ္။
Ref : gizmochina