Unicode
အခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ OnePlus ရဲ့ စမတ်ဖုန်းသစ် သုံးမျိုးကို တွေ့ရမယ်ဆိုတာ သိထားရပြီးသားပါ။ မနှစ်က OnePlus 7 နဲ့ 7 Pro တို့ကို တိုက်ရိုက်ဆက်ခံမယ့် OnePlus 8 နဲ့ 8 Pro တို့လည်း အပါအဝင်ဖြစ်ပြီး တတိယမြောက်ဖုန်းက OnePlus 8 Lite လို့ခေါ်တွင်မှာပါ။
ယနေ့မှာတော့ OnePlus 8 Pro ကို Geekbench မှာစောစောစီးစီးမြင်တွေ့လာရတဲ့အတွက် မနှစ်ကထက်စောပြီး သူ့ရဲ့ Flagship အသစ်တွေကို ထုတ်ပြလာမယ်လို့ ယူဆရပါတယ်။ OnePlus 8 Pro လို့ယူဆရတဲ့ စမတ်ဖုန်းဟာ ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပြီး Geekbench ပေါ်သို့ ရောက်လာခဲ့ပြီး “GALILEI IN2023” လို့ အမည်ပေးထားပါတယ်။
ဒီဖုန်းမှာ Android 10 OS ကို အသုံးပြုထားပြီး နောက်ဆုံးပေါ် Snapdragon 865 ချစ်ပ်ဆက်ကို 12 GB RAM မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ ပြီးခဲ့တဲ့လက Geekbench ပေါ်ရောက်လာတဲ့ Sony Xperia Flagship အသစ်မှာ ပါဝင်တဲ့ Motherboard နာမည်နဲ့ အတူတူပဲဖြစ်လို့ SD865 ဖြစ်ကြောင်း သိရတာပါ။
OnePlus 8 Pro စမတ်ဖုန်းသစ်ဟာ Single-core စစ်ဆေးမှုမှာ 4,296 နဲ့ Multi-core မှာ 12,531 ထိ ရရှိခဲ့ပြီး Xperia 5 လို့ ယူဆရတဲ့ Sony ရဲ့ Flagship အသစ်ထက်တော့ အနည်းငယ် ရမှတ်နိမ့်ကျနေတာကို တွေ့ရပါတယ်။
OnePlus 8 Pro မှာ Curved AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပြီး ဆဲလ်ဖီကင်မရာအတွက် ဘယ်ဘက် အပေါ်ထောင့်မှာ Punch-hole ပါဝင်လာမှာပါ။ သူ့မှာ 120Hz Refresh Rate ပါဝင်မှာဖြစ်ပြီး နောက်ဘက် Quad-camera အတွဲနဲ့ In-display Fingerprint စနစ်တို့ ပါဝင်မှာပါ။
Ref – Gizmo China
Zawgyi
အခုႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာ OnePlus ရဲ႕ စမတ္ဖုန္းသစ္ သုံးမ်ဳိးကို ေတြ႕ရမယ္္ဆုိတာ သိထားရၿပီးသားပါ။ မႏွစ္က OnePlus 7 နဲ႔ 7 Pro တုိ႔ကို တုိက္ရုိက္ဆက္ခံမယ့္ OnePlus 8 နဲ႔ 8 Pro တုိ႔လည္း အပါအဝင္ျဖစ္ၿပီး တတိယေျမာက္ဖုန္းက OnePlus 8 Lite လို႔ေခၚတြင္မွာပါ။
ယေန႔မွာေတာ့ OnePlus 8 Pro ကို Geekbench မွာေစာေစာစီးစီးျမင္ေတြ႕လာရတဲ့အတြက္ မႏွစ္ကထက္ေစာၿပီး သူ႕ရဲ႕ Flagship အသစ္ေတြကို ထုတ္ျပလာမယ္လို႔ ယူဆရပါတယ္။ OnePlus 8 Pro လို႔ယူဆရတဲ့ စမတ္ဖုန္းဟာ ဇန္နဝါရီ ၁၀ ရက္ေန႔က စတင္ၿပီး Geekbench ေပၚသုိ႔ ေရာက္လာခဲ့ၿပီး “GALILEI IN2023” လို႔ အမည္ေပးထားပါတယ္။
ဒီဖုန္းမွာ Android 10 OS ကို အသုံးျပဳထားၿပီး ေနာက္ဆုံးေပၚ Snapdragon 865 ခ်စ္ပ္ဆက္ကုိ 12 GB RAM မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ ၿပီးခဲ့တဲ့လက Geekbench ေပၚေရာက္လာတဲ့ Sony Xperia Flagship အသစ္မွာ ပါဝင္တဲ့ Motherboard နာမည္နဲ႔ အတူတူပဲျဖစ္လို႔ SD865 ျဖစ္ေၾကာင္း သိရတာပါ။
OnePlus 8 Pro စမတ္ဖုန္းသစ္ဟာ Single-core စစ္ေဆးမႈမွာ 4,296 နဲ႔ Multi-core မွာ 12,531 ထိ ရရွိခဲ့ၿပီး Xperia 5 လို႔ ယူဆရတဲ့ Sony ရဲ႕ Flagship အသစ္ထက္ေတာ့ အနည္းငယ္ ရမွတ္နိမ့္က်ေနတာကို ေတြ႕ရပါတယ္။
OnePlus 8 Pro မွာ Curved AMOLED Display ကိုအသုံးျပဳလာမွာျဖစ္ၿပီး ဆဲလ္ဖီကင္မရာအတြက္ ဘယ္ဘက္ အေပၚေထာင့္မွာ Punch-hole ပါဝင္လာမွာပါ။ သူ႕မွာ 120Hz Refresh Rate ပါဝင္မွာျဖစ္ၿပီး ေနာက္ဘက္ Quad-camera အတြဲနဲ႔ In-display Fingerprint စနစ္တုိ႔ ပါဝင္မွာပါ။
Ref – Gizmo China