[Unicode]

CES 2020 မှာ OnePlus ဟာ Concept One စမတ်ဖုန်းကို ပွဲထုတ်ပြသခဲ့ပါတယ်။ အခြားအရာတွေကြားထဲမှာ ထူးခြားနေတဲ့အချက်က Concept One ဟာ Invisible camera technology ကို သုံးထားတာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ OnePlus က ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းတွေမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

The Verge နဲ့ ပြောဆိုမှုမှာတော့ OnePlus CEO Pete Lau က ကုမ္ပဏီအနေနဲ့ ဒီကင်မရာနည်းပညာသစ်ကို အနာဂတ် Flagship တွေမှာ ထည့်သွင်းဖို့စီစဉ်နေတယ်လို့ အတည်ပြုချက်ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဈေးကွက်ထဲရောက်ပြီး လက်တွေ့သုံးစွဲနိုင်မလဲဆိုတာကိုတော့ အတိအကျပြောမသွားခဲ့ဘူးဆိုပေမယ့် သိပ်အကြာကြီးတော့ စောင့်ရမယ်မထင်ပါဘူး။

နည်းပညာရဲ့ ရှုပ်ထွေးတဲ့အဆင့်တွေကြောင့် OnePlus အနေနဲ့ လက်တွေ့စမ်းသပ်မှုတွေပြုလုပ်ပြီး၊ တုံ့ပြန်မှုတွေရရှိအောင် အချိန်ပေးရဦးမယ်လို့ ယူဆရပါတယ်။ ဒီနည်းပညာနဲ့လုပ်ဆောင်ချက်ဟာ Electrochromic glass ပေါ်မှာ အမှီပြုပြီးလုပ်ဆောင်ရတာကိုလည်း တွေ့မြင်ရပါတယ်။

မမြင်ရတဲ့ကင်မရာဟာ လျှပ်စီးကြောင်းနဲ့ဖုံးကွယ်ထားတာဖြစ်ပြီး လျှပ်စီးကြောင်းကိုရပ်တန့်လိုက်ချိန်မှာ မြင်တွေ့ရတာလို့ ဆိုရမှာပါ။ ဒီအခါမှာ အာရုံခံကိရိယာတွေက စတင်အလုပ်လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ Electrochromic glass နဲ့ဒီလုပ်ဆောင်ချက်ဟာ One Plus 8 စီးရီးထွက်ပြီးတဲ့အထိ တွေ့မြင်ရဖွယ်မရှိဘူးလို့ သုံးသပ်ရပါတယ်။

Ref: Phone Arena

[Zawgyi]

OnePlus ရဲ႕ အနာဂတ္ Flagship ေတြမွာ Invisible Camera နည္းပညာသုံးလာမယ္လို႔ CEO အတည္ျပဳ

CES 2020 မွာ OnePlus ဟာ Concept One စမတ္ဖုန္းကို ပြဲထုတ္ျပသခဲ့ပါတယ္။ အျခားအရာေတြၾကားထဲမွာ ထူးျခားေနတဲ့အခ်က္က Concept One ဟာ Invisible camera technology ကို သုံးထားတာပဲ ျဖစ္ပါတယ္။ ဒီနည္းပညာဟာ OnePlus က ထုတ္လုပ္ေရာင္းခ်မယ့္ စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

The Verge နဲ႔ ေျပာဆိုမႈမွာေတာ့ OnePlus CEO Pete Lau က ကုမၸဏီအေနနဲ႔ ဒီကင္မရာနည္းပညာသစ္ကို အနာဂတ္ Flagship ေတြမွာ ထည့္သြင္းဖို႔စီစဥ္ေနတယ္လို႔ အတည္ျပဳခ်က္ေပးသြားခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ေဈးကြက္ထဲေရာက္ၿပီး လက္ေတြ႕သုံးစြဲႏိုင္မလဲဆိုတာကိုေတာ့ အတိအက်ေျပာမသြားခဲ့ဘူးဆိုေပမယ့္ သိပ္အၾကာႀကီးေတာ့ ေစာင့္ရမယ္မထင္ပါဘူး။

နည္းပညာရဲ႕ ရႈပ္ေထြးတဲ့အဆင့္ေတြေၾကာင့္ OnePlus အေနနဲ႔ လက္ေတြ႕စမ္းသပ္မႈေတြျပဳလုပ္ၿပီး၊ တုံ႔ျပန္မႈေတြရရွိေအာင္ အခ်ိန္ေပးရဦးမယ္လို႔ ယူဆရပါတယ္။ ဒီနည္းပညာနဲ႔လုပ္ေဆာင္ခ်က္ဟာ Electrochromic glass ေပၚမွာ အမွီျပဳၿပီးလုပ္ေဆာင္ရတာကိုလည္း ေတြ႕ျမင္ရပါတယ္။

မျမင္ရတဲ့ကင္မရာဟာ လွ်ပ္စီးေၾကာင္းနဲ႔ဖုံးကြယ္ထားတာျဖစ္ၿပီး လွ်ပ္စီးေၾကာင္းကိုရပ္တန႔္လိုက္ခ်ိန္မွာ ျမင္ေတြ႕ရတာလို႔ ဆိုရမွာပါ။ ဒီအခါမွာ အာ႐ုံခံကိရိယာေတြက စတင္အလုပ္လုပ္ႏိုင္တာပဲ ျဖစ္ပါတယ္။ Electrochromic glass နဲ႔ဒီလုပ္ေဆာင္ခ်က္ဟာ One Plus 8 စီးရီးထြက္ၿပီးတဲ့အထိ ေတြ႕ျမင္ရဖြယ္မရွိဘူးလို႔ သုံးသပ္ရပါတယ္။

Ref: Phone Arena