[Unicode]

Galaxy Z Flip လို့ နာမည်ပေးထားတဲ့ Samsung ရဲ့ နောက်မျိုးဆက် Foldable ဖုန်း သတင်းတွေ ပြီးခဲ့တဲ့ လက စကြားခဲ့ရပြီး Motorola Razr လို ဒေါင်လိုက်ခေါက်ချိုးတဲ့ ဒီဇိုင်းနဲ့ Glass Screen ပါမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ XDA Developers ရဲ့ Leaker Max Weinbach က တွစ်တာမှာ အဲဒီ Glass Screen ရဲ့ သတင်းအချက်အလက် တချို့ကို ဖွလိုက်ပါတယ်။

Weinbach က ဖုန်းရဲ့ OLED Screen မှာ Samsung က “ Samsung Ultra Thin Glass “ လို့ ခေါ်နိုင်တဲ့ Glass တစ်မျိုးကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ Leaker Ice Universe ကလည်း ပြီးခဲ့တဲ့ လက အဲဒီလို ပြောခဲ့ပြီး ဖုန်းမှာ Ultra-thin Glass Cover ပါမယ်လို့ ပြောခဲ့ပါတယ်။ Samsung က အဲဒီနာမည်ကို ဥရောပမှာ မှတ်ပုံတင်ထားတယ်လို့ ပြီးခဲ့တဲ့လက သိခဲ့ရပါတယ်။ Weinbach က အဲဒီဖုန်းမှာ ခေါက်ချိုးရာဟာ အလယ်မှာ ရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။

Weinbach က ဖုန်းကို ခေါက်ချိုးထားချိန်မှာ တွေ့ရမယ့် အရွယ်သေး Screen မှာ ဘက်ထရီ လက်ကျန်၊ အားသွင်းနှုန်းတို့ကို သိနိုင်ပြီး ကင်မရာရဲ့ Viewfinder လို သုံးနိုင်ပါတယ်။ အရွယ်သေး Screen ရဲ့ အရွယ်အစားဟာ ၁ လက်မဖြစ်မယ်လို့လည်း သူက ဆိုပါတယ်။

Samsung Galaxy Fold နဲ့ Razr တို့မှာ ပလတ်စတစ် Screen တွေကို သုံးထားတာပါ။ Galaxy Z Flip မှာ Glass Screen ကို သုံးထားမယ်ဆိုရင် ပလတ်စတစ်ထက် ပိုမိုမာကျောမှာဖြစ်ပါတယ်။ Galaxy Fold ဟာ ပလတ်စတစ် Screen ရဲ့ ပြဿနာတွေကြောင့် ရောင်းချမယ့်အချိန်ကို နောက်ဆုတ်ခဲ့ရပြီး ဒီဇိုင်း ပြင်ဆင်ခဲ့ရပါတယ်။

Ref : theverge

[Zawgyi]

Samsung ရဲ႕ ေနာက္မ်ိဳးဆက္ Foldable ဖုန္းမွာ အရမ္းပါးလႊာတဲ့ Glass Display သုံးထားႏိုင္

Galaxy Z Flip လို႔ နာမည္ေပးထားတဲ့ Samsung ရဲ႕ ေနာက္မ်ိဳးဆက္ Foldable ဖုန္း သတင္းေတြ ၿပီးခဲ့တဲ့ လက စၾကားခဲ့ရၿပီး Motorola Razr လို ေဒါင္လိုက္ေခါက္ခ်ိဳးတဲ့ ဒီဇိုင္းနဲ႔ Glass Screen ပါမယ္လို႔ သိခဲ့ရပါတယ္။ အခုေတာ့ XDA Developers ရဲ႕ Leaker Max Weinbach က တြစ္တာမွာ အဲဒီ Glass Screen ရဲ႕ သတင္းအခ်က္အလက္ တခ်ိဳ႕ကို ဖြလိုက္ပါတယ္။

Weinbach က ဖုန္းရဲ႕ OLED Screen မွာ Samsung က “ Samsung Ultra Thin Glass “ လို႔ ေခၚႏိုင္တဲ့ Glass တစ္မ်ိဳးကို အသုံးျပဳထားမယ္လို႔ ေျပာပါတယ္။ Leaker Ice Universe ကလည္း ၿပီးခဲ့တဲ့ လက အဲဒီလို ေျပာခဲ့ၿပီး ဖုန္းမွာ Ultra-thin Glass Cover ပါမယ္လို႔ ေျပာခဲ့ပါတယ္။ Samsung က အဲဒီနာမည္ကို ဥေရာပမွာ မွတ္ပုံတင္ထားတယ္လို႔ ၿပီးခဲ့တဲ့လက သိခဲ့ရပါတယ္။ Weinbach က အဲဒီဖုန္းမွာ ေခါက္ခ်ိဳးရာဟာ အလယ္မွာ ရွိေနမွာျဖစ္တယ္လို႔ ေျပာပါတယ္။

Weinbach က ဖုန္းကို ေခါက္ခ်ိဳးထားခ်ိန္မွာ ေတြ႕ရမယ့္ အ႐ြယ္ေသး Screen မွာ ဘက္ထရီ လက္က်န္၊ အားသြင္းႏႈန္းတို႔ကို သိႏိုင္ၿပီး ကင္မရာရဲ႕ Viewfinder လို သုံးႏိုင္ပါတယ္။ အ႐ြယ္ေသး Screen ရဲ႕ အ႐ြယ္အစားဟာ ၁ လက္မျဖစ္မယ္လို႔လည္း သူက ဆိုပါတယ္။

Samsung Galaxy Fold နဲ႔ Razr တို႔မွာ ပလတ္စတစ္ Screen ေတြကို သုံးထားတာပါ။ Galaxy Z Flip မွာ Glass Screen ကို သုံးထားမယ္ဆိုရင္ ပလတ္စတစ္ထက္ ပိုမိုမာေက်ာမွာျဖစ္ပါတယ္။ Galaxy Fold ဟာ ပလတ္စတစ္ Screen ရဲ႕ ျပႆနာေတြေၾကာင့္ ေရာင္းခ်မယ့္အခ်ိန္ကို ေနာက္ဆုတ္ခဲ့ရၿပီး ဒီဇိုင္း ျပင္ဆင္ခဲ့ရပါတယ္။

Ref : theverge