Unicode
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကနေ Redmi အနေနဲ့ ကိုယ်ပိုင် Smartwatch ကို မိတ်ဆက်သွားမယ်လို့ ကြေညာထားခဲ့ပါတယ်။
အခုအချိန်မှာတော့ Redmi ကနေ မိတ်ဆက်လာနိုင်ဖွယ်ရှိတဲ့ Redmi Fitness Tracker ရဲ့ Design နဲ့ Feature အချို့ကို Mi Fit App ကနေတစ်ဆင့်သိရှိလာရပြီဖြစ်ပါတယ်။ ဒီသတင်းကို Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဒီ Redmi Fitness Tracker ရဲ့ နာမည်ကိုတော့ မသိရှိရသေးပါဘူး။
Design ပိုင်းအရတော့ Redmi Fitness Tracker ဟာ လက်ရှိ Mi Band တွေလိုမျိုးပဲ Design ပြုလုပ်ထားပြီးတော့ အရောင်အနေနဲ့ အနက်ရောင်ဖြစ်လာမယ့်အပြင် ဘေးဘောင်တွေကလည်း အနည်းငယ်ထူတယ်လို့တောင် ပြောလို့ရပါတယ်။ Display ရဲ့ အောက်ဘက်မှာတော့ Capacitive Button တစ်ခုပါဝင်လာမှာပါ။
ဒါတင်မဟုတ်သေးဘဲ Mi Fit App အရတော့ Redmi Fitness Tracker မှာ Watch Face တွေကို ပြောင်းလဲနိုင်မှာဖြစ်သလို Alarm Function ၊ Heartrate Sensor ၊ NFC Payment နဲ့ Music Playback တွေကိုပါ Control ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
India မှာလည်း ဒီ Redmi Fitness Tracker လို့ ယူဆရတဲ့ Model Number HMSH01GE နဲ့ မကြာခင်ကမှ Certified ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် Redmi Fitness Tracker ဟာ China မှာတင်မဟုတ်ဘဲ India မှာပါ ရောင်းချသွားဖွယ်ရှိနေပါတယ်။
ဘာပဲဖြစ်ဖြစ် Redmi Fitness Tracker ဟာ လက်ရှိ Mi Band တွေထက်တောင် စျေးသက်သာနိုင်တဲ့အတွက် စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Fitness Tracker ကို ဝယ်ယူချင်တယ်ဆိုရင် စောင့်ဆိုင်းတာပိုကောင်းမှာပါ။
Ref – Gizmo China
Zawgyi
ဘာပဲဖြစ်ဖြစ် Redmi Fitness Tracker ဟာ လက်ရှိ Mi Band တွေထက်တောင် ဈေးသက်သာနိုင်တဲ့အတွက် ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Fitness Tracker ကို ဝယ်ယူချင်တယ်ဆိုရင် စောင့်ဆိုင်းတာပိုကောင်းမှာပါ။
Ref – Gizmo China