Unicode

Apex Legends ဟာ အခုနောက်ပိုင်းမှာ Fortnite လိုမျိုး Battle Royale ဂိမ်းတွေထဲမှာ အောင်မြင်မှုရရှိလာပြီဖြစ်သလို ဒီနှစ်မှာဆိုရင် eSport ပြိုင်ပွဲတွေကိုပါ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ အခုလည်း Apex Legends ရဲ့ Developer ဖြစ်တဲ့ Respawn Entertainment ကနေ Season 4 နဲ့ ပတ်သတ်တဲ့ Trailer တစ်ခုကို ပြသခဲ့ပါတယ်။

အဆိုပါ Trailer မှာဆိုရင် MMA Championship တွေမှာ အနိုင်ရရှိတဲ့ Fighter Forge ကနေ Apex Games ထဲမှာ Legend (Character) တစ်ဦးအနေနဲ့ ဘယ်လိုမျိုး စွမ်းဆောင်နိုင်မလဲဆိုတာကို Interview ပြုလုပ်တာနဲ့ စတင်ထားတာဖြစ်ပါတယ်။ အဆုံးသတ်ပိုင်းကလည်း Twist တစ်ခုထည့်သွင်းခဲ့ပြီး နောက်ထပ် အတိအကျမသိရသေးတဲ့ Legend (Character) တစ်ခုများပါလာမလားဆိုပြီး ယူဆလို့တောင်ရပါတယ်။

ဘာပဲဖြစ်ဖြစ် Respawn Entertainment ကတော့ Season 4 နဲ့အတူ Legend အသစ်ကို Forge ကိုပဲ ထည့်သွင်းလာမလား၊ ယခု Trailer ရဲ့ အဆုံးသတ်မှာ ပါဝင်လာတဲ့ Revenant Legend ကိုပဲ ထည့်သွင်းလာမလားဆိုတာကိုတော့ အတည်ပြုပေးခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီ Character ၂ ခုစလုံးဟာ စိတ်ဝင်စားဖို့တော့ တော်တော်လေးကိုကောင်းနေပါတယ်။

Apex Legends Season 4 ဟာ လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီးတော့ အဲ့ဒီအချိန်မတိုင်ခင်မှာ ဒီ Character အသစ်တွေအကြောင်းနဲ့ တခြားသော ပြောင်းလဲမှုတွေကို သိရှိရဖို့များနေပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Apex Legends ရဲ့ ယခု Trailer အသစ်ဟာ YouTube Trending နေရာကိုတောင် ရယူထားပြီးဖြစ်ပါတယ်။

Ref – Polygon

Zawgyi

Apex Legends ဟာ အခုေနာက္ပိုင္းမွာ Fortnite လိုမ်ိဳး Battle Royale ဂိမ္းေတြထဲမွာ ေအာင္ျမင္မႈရရွိလာၿပီျဖစ္သလို ဒီႏွစ္မွာဆိုရင္ eSport ၿပိဳင္ပြဲေတြကိုပါ စတင္က်င္းပေနၿပီျဖစ္ပါတယ္။ အခုလည္း Apex Legends ရဲ႕ Developer ျဖစ္တဲ့ Respawn Entertainment ကေန Season 4 နဲ႔ ပတ္သတ္တဲ့ Trailer တစ္ခုကို ျပသခဲ့ပါတယ္။

အဆိုပါ Trailer မွာဆိုရင္ MMA Championship ေတြမွာ အႏိုင္ရရွိတဲ့ Fighter Forge ကေန Apex Games ထဲမွာ Legend (Character) တစ္ဦးအေနနဲ႔ ဘယ္လိုမ်ိဳး စြမ္းေဆာင္ႏိုင္မလဲဆိုတာကို Interview ျပဳလုပ္တာနဲ႔ စတင္ထားတာျဖစ္ပါတယ္။ အဆုံးသတ္ပိုင္းကလည္း Twist တစ္ခုထည့္သြင္းခဲ့ၿပီး ေနာက္ထပ္ အတိအက်မသိရေသးတဲ့ Legend (Character) တစ္ခုမ်ားပါလာမလားဆိုၿပီး ယူဆလို႔ေတာင္ရပါတယ္။

ဘာပဲျဖစ္ျဖစ္ Respawn Entertainment ကေတာ့ Season 4 နဲ႔အတူ Legend အသစ္ကို Forge ကိုပဲ ထည့္သြင္းလာမလား၊ ယခု Trailer ရဲ႕ အဆုံးသတ္မွာ ပါဝင္လာတဲ့ Revenant Legend ကိုပဲ ထည့္သြင္းလာမလားဆိုတာကိုေတာ့ အတည္ျပဳေပးျခင္းမရွိေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ဒီ Character ၂ ခုစလုံးဟာ စိတ္ဝင္စားဖို႔ေတာ့ ေတာ္ေတာ္ေလးကိုေကာင္းေနပါတယ္။

Apex Legends Season 4 ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာ စတင္မွာျဖစ္ၿပီးေတာ့ အဲ့ဒီအခ်ိန္မတိုင္ခင္မွာ ဒီ Character အသစ္ေတြအေၾကာင္းနဲ႔ တျခားေသာ ေျပာင္းလဲမႈေတြကို သိရွိရဖို႔မ်ားေနပါတယ္။ ဘာပဲျဖစ္ျဖစ္ ေလာေလာဆယ္မွာေတာ့ Apex Legends ရဲ႕ ယခု Trailer အသစ္ဟာ YouTube Trending ေနရာကိုေတာင္ ရယူထားၿပီးျဖစ္ပါတယ္။

Ref – Polygon