Unicode
Huawei ဟာ US အစိုးရအပါအဝင် Google ရဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ခံနေရတုန်းဖြစ်ပြီး လက်ရှိအချိန်မှာထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေမှာ Google Services နဲ့ App တွေအစား Huawei Mobile Services (HMS) ကိုပဲ ပြောင်းလဲထည့်သွင်းနေတာဖြစ်ပါတယ်။ ဒီအချက်က လာမယ့် Huawei P40 Series Flagship ဖုန်းတွေအတွက်လည်း အားနည်းချက်ဖြစ်လာနိုင်ပြီး Huawei ကနေ ဒါကို ပြန်ပြီး ဖြေရှင်းမယ့်နည်းလမ်းတစ်ခုကို ဆောင်ရွက်နေပုံပါပဲ။
အဆိုပါ နည်းလမ်းကတော့ Google Services နဲ့ App တွေမပါဝင်ပေမယ့် Huawei P40 Series စမတ်ဖုန်းတွေဟာ တခြားသော ပြိုင်ဘက် Flagship စမတ်ဖုန်းတွေထက် စျေးနှုန်းပိုသက်သာမယ်လို့ သိရပါတယ်။ ယခုသတင်းကို Huawei နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတမ်းလိုလို မှန်ကန်အောင်ပြောတတ်တဲ့ Leakster တစ်ဦးက ဖော်ပြခဲ့တာဖြစ်ပါတယ်။
The prices of the P40 series will be lower.#HuaweiP40Series pic.twitter.com/EhMcVMJR7p
— Teme (特米) (@RODENT950) January 27, 2020
အဲ့ဒီအတွက် Huawei P40 Series စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Huawei P30 Series နဲ့ Mate 30 Series ဖုန်းတွေထက်တောင် ပိုပြီးစျေးသက်သာလာမှာဖြစ်ပါတယ်။ လောလောဆယ်ခန့်မှန်းချက်တွေအရ Huawei P40 စမတ်ဖုန်းဟာ ယူရိုငွေ ၅၉၉ (မြန်မာငွေ ၉ သိန်း ၆ သောင်းဝန်းကျင်) နဲ့ Huawei P40 Pro ဖုန်းကတော့ ယူရိုငွေ ၇၉၉ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ဒီစျေးနှုန်းတွေဟာ တရားဝင်မဟုတ်သေးပေမယ့်လည်း တကယ်သာ Huawei အနေနဲ့ ဒီလို စျေးလျော့ပြီး ရောင်းချမယ်ဆိုရင် တခြား Galaxy S20 Series ဖုန်းတွေထက် တော်တော်လေးကို စျေးနှုန်းကွာဟမှုများပြားသွားမှာပါ။
Huawei ကနေ P40 Series စမတ်ဖုန်းတွေကို လာမယ့် မတ်လအတွင်းမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ယူဆရပြီး အချိန်အတိအကျကိုတော့ ကြေညာထားခြင်းမရှိသေးပါဘူး။
Ref – Giz China
Zawgyi
Huawei ဟာ US အစိုးရအပါအဝင္ Google ရဲ႕ ပိတ္ဆို႔မႈေတြကို ဆက္လက္ခံေနရတုန္းျဖစ္ၿပီး လက္ရွိအခ်ိန္မွာထုတ္လုပ္ထားတဲ့ စမတ္ဖုန္းေတြမွာ Google Services နဲ႔ App ေတြအစား Huawei Mobile Services (HMS) ကိုပဲ ေျပာင္းလဲထည့္သြင္းေနတာျဖစ္ပါတယ္။ ဒီအခ်က္က လာမယ့္ Huawei P40 Series Flagship ဖုန္းေတြအတြက္လည္း အားနည္းခ်က္ျဖစ္လာႏိုင္ၿပီး Huawei ကေန ဒါကို ျပန္ၿပီး ေျဖရွင္းမယ့္နည္းလမ္းတစ္ခုကို ေဆာင္႐ြက္ေနပုံပါပဲ။
အဆိုပါ နည္းလမ္းကေတာ့ Google Services နဲ႔ App ေတြမပါဝင္ေပမယ့္ Huawei P40 Series စမတ္ဖုန္းေတြဟာ တျခားေသာ ၿပိဳင္ဘက္ Flagship စမတ္ဖုန္းေတြထက္ ေစ်းႏႈန္းပိုသက္သာမယ္လို႔ သိရပါတယ္။ ယခုသတင္းကို Huawei နဲ႔ ပတ္သတ္တဲ့သတင္းေတြကို အၿမဲတမ္းလိုလို မွန္ကန္ေအာင္ေျပာတတ္တဲ့ Leakstar တစ္ဦးက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
The prices of the P40 series will be lower.#HuaweiP40Series pic.twitter.com/EhMcVMJR7p
— Teme (特米) (@RODENT950) January 27, 2020
အဲ့ဒီအတြက္ Huawei P40 Series စမတ္ဖုန္းေတြဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက မိတ္ဆက္ထားခဲ့တဲ့ Huawei P30 Series နဲ႔ Mate 30 Series ဖုန္းေတြထက္ေတာင္ ပိုၿပီးေစ်းသက္သာလာမွာျဖစ္ပါတယ္။ ေလာေလာဆယ္ခန္႔မွန္းခ်က္ေတြအရ Huawei P40 စမတ္ဖုန္းဟာ ယူ႐ိုေငြ ၅၉၉ (ျမန္မာေငြ ၉ သိန္း ၆ ေသာင္းဝန္းက်င္) နဲ႔ Huawei P40 Pro ဖုန္းကေတာ့ ယူ႐ိုေငြ ၇၉၉ (ျမန္မာေငြ ၁၃ သိန္းဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။ ဒီေစ်းႏႈန္းေတြဟာ တရားဝင္မဟုတ္ေသးေပမယ့္လည္း တကယ္သာ Huawei အေနနဲ႔ ဒီလို ေစ်းေလ်ာ့ၿပီး ေရာင္းခ်မယ္ဆိုရင္ တျခား Galaxy S20 Series ဖုန္းေတြထက္ ေတာ္ေတာ္ေလးကို ေစ်းႏႈန္းကြာဟမႈမ်ားျပားသြားမွာပါ။
Huawei ကေန P40 Series စမတ္ဖုန္းေတြကို လာမယ့္ မတ္လအတြင္းမွာ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ တရားဝင္မိတ္ဆက္သြားမယ္လို႔ ယူဆရၿပီး အခ်ိန္အတိအက်ကိုေတာ့ ေၾကညာထားျခင္းမရွိေသးပါဘူး။
Ref – Giz China