Redmi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက လက်ရှိအချိန်မှာ စျေးအသက်သာဆုံး 5G စမတ်ဖုန်းတစ်လုံးဖြစ်လာတဲ့ Redmi K30 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Redmi K30 စမတ်ဖုန်းဟာ Flagship ဖုန်းတစ်လုံးတော့ မဟုတ်ခဲ့ဘဲ Snapdragon 730G Processor ၊ 64MP Quad Camera Setup တွေကြောင့် High-end ဖုန်းတစ်လုံးလို့တော့ ပြောလို့ရခဲ့ပါတယ်။

အဲ့ဒီအတွက် Xiaomi ကနေ Snapdragon 865 Processor ကို အသုံးပြုလာမယ့် Redmi K30 Pro 5G Flagship ဖုန်းကို ၂၀၂၀ နှစ်အစောပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုဆိုရင် ဖေဖော်ဝါရီလအတွင်းမှာ အဆိုပါ Redmi K30 Pro 5G ဖုန်းကို တရားဝင်မြင်တွေ့ရဖို့များနေပြီးတော့ Geekbench မှာတောင် Benchmark တွေပေါက်ကြားနေပါပြီ။

နောက်ဆုံး SmallTechNews ကနေ ဖော်ပြခဲ့တဲ့သတင်းအရဆိုရင် Xiaomi ဟာ Redmi K30 ဖုန်းမှာ Punch-hole Dual Selfie Camera Setup ကို အသုံးပြုခဲ့ပေမယ့် K30 Pro မှာတော့ Pop-up Selfie Camera ကို ပြောင်းလဲအသုံးပြုသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ တခြားသော စမတ်ဖုန်းတွေအကုန်လုံးနီးပါ Pop-up Selfie Camera အစား Punch-hole ကို ကူးပြောင်းနေပြီးတော့ Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကတောင် Punch-hole Display တွေဟာ ၂၀၂၀ အတွက် ရေပန်းစားလာမယ်လို့ ပြောကြားခဲ့တဲ့အချိန်မှာ Redmi K30 Pro 5G က Pop-up Selfie Camera ပြန်သုံးမယ်ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဖြစ်နိုင်တာတစ်ခုက ဒီဆုံးဖြတ်ချက်ဟာ မကြာခင်မှာ Punch-hole Display နဲ့မိတ်ဆက်လာတော့မယ့် Mi 10 နဲ့ Mi 10 Pro ဖုန်းတွေကို ပိုပြီး Premium ဆန်တဲ့ Flagship ဖုန်းတွေအဖြစ် Redmi K30 Pro 5G က ဒီလိုမျိုးပြောင်းလဲလိုက်တာဖြစ်နိုင်ပါတယ်။

Ref – Giz China