တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟာ အခုအချိန်မှာဖြစ်ပွားသူ အယောက် ၂,၅၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူ အယောက် ၅၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် လာမယ့် ဖေဖော်ဝါရီလ ၂၄ ကနေ ၂၇ အတွင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာပြုလုပ်သွားမယ့် Mobile World Congress (MWC 2020) Event ဟာလည်း စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။

အခုဆိုရင်လည်း စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ LG နဲ့ ZTE တို့က အဆိုပါ MWC 2020 Event မှာ ပါဝင်တော့မှာမဟုတ်ဘူးဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါကလည်း လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

LG ရဲ့ ပြောကြားချက်အရတော့ ဝန်ထမ်းတွေ၊ ပါတနာတွေနဲ့ Customer တွေရဲ့ ကျန်းမာရေးကြောင့် အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ယခင်တုန်းကလည်း LG ရဲ့ ဝန်ထမ်းတွေကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာခရီးသွားတာတာကို ကန့်သတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၂၀ အတွက် Mobile Device တွေကို မိတ်ဆက်ဖို့အတွက် သီးသန့် Event ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

MWC Event တွေကို ဆောင်ရွက်နေတဲ့ GSM Association (GSMA) ကတော့ ဝူဟန်ဗိုင်းရပ်စ်ဟာ MWC Event ကို ထိခိုက်မှုမရှိနိုင်ဘူးလို့ အစောပိုင်းက ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ LG နဲ့ ZTE တို့ကတော့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

Ref – GSM Arena