Flagship စမတ်ဖုန်းတွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပိုပြီးမြန်ဆန်တဲ့ Storage နည်းပညာဖြစ်တဲ့ UFS 3.1 ကို ကြေညာခဲ့သလို အခုလည်း Micron Technology ကနေ ကမ္ဘာ့ပထမဆုံး Low-power LPDDR5 RAM အမျိုးအစားကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

Micro Technology ကနေ LPDDR5 RAM ကို ကြေညာပြီးမကြာခင်မှာတင် Xiaomi ရဲ့ Product Director ဖြစ်တဲ့ Wang Teng Thomas ကနေ မကြာခင်မိတ်ဆက်သွားတော့မယ့် Mi 10 Series စမတ်ဖုန်းတွေအကုန်လုံးမှာ အဆိုပါ LPDDR5 RAM ကို အသုံးပြုလာမယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် Xiaomi Mi 10 Series ဖုန်းတွေဟာ ကမ္ဘာ့ပထမဆုံး LPDRR5 RAM ပါဝင်တဲ့ Flagship စမတ်ဖုန်းတွေဖြစ်လာမှာဖြစ်ပြီး Samsung Galaxy S20 Series ဖုန်းတွေထက်တောင် ပိုပြီးသာသွားပြီလို့ ပြောရမှာပါ။

Micron Technology ရဲ့ LPDDR5 RAM ဟာဆိုရင် Transmission Rate အနေနဲ့ 6.4Gbps အထိရှိမှာဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ LPDDR4 ထက် ၂ ဆ ပိုပြီးမြန်ဆန်သလို LPDDR4x ထက်လည်း ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Data Access Speed ကလည်း ၅၀ ရာခိုင်နှုန်းခန့် ပိုပြီးမြန်ဆန်လာမယ်လို့ သိရပါတယ်။

Power စားသုံးမှုမှာလည်း ယခင် Generation ထက် ၂၀ ရာခိုင်နှုန်းပိုပြီးသက်သာလာမှာဖြစ်ပြီး Micron Technology ရဲ့ ပြောကြားချက်အရ LPDDR5 RAM ကို အသုံးပြုထားတဲ့ Device တွေဟာ ပုံမှန်ထက် Battery Life ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ပိုပြီး သက်သာစေမယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ LPDDR5 RAM ဟာ AR Games တွေ၊ 100 Megapixels Images တွေနဲ့ High Performance Video Editing တွေကိုဆောင်ရွက်နိုင်မှာဖြစ်တဲ့အပြင် Application ပေါင်း အခု ၁၀၀ တပြိုင်ထဲအသုံးပြုရင်တောင်မှ Hang သွားမှာမဟုတ်ဘူးလို့ Micron Technology က ကြွားလုံးထုတ်ထားပါတယ်။

လောလောဆယ်မှာတော့ Micron Technology ကနေ Single Channel အနေနဲ့ LPDDR5 RAM တွေကို 8GB နဲ့ 12GB ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ 16GB Version ကိုပါ ထုတ်လုပ်သွားမယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi Mi 10 Series ဖုန်းတွေက ဒီလိုမျိုး ကမ္ဘာ့ပထမဆုံး LPDDR5 RAM ပါဝင်မယ့်အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ထိပ်တန်းအဆင့်ရှိဖို့များနေပါပြီ။

Ref – Gizmo China