Samsung ကနေ ယခုနှစ်မှာ ပုံမှန် Flagship ဖုန်းတွေအပြင် Foldable ဖုန်းစျေးကွက်ကိုပါ ယခင်ကထက် အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ လောလောဆယ်မှာ စျေးကွက်ထဲမှာ စတင်ရောင်းချနေပြီဖြစ်တဲ့ Galaxy Z Flip Foldable ဖုန်းဟာဆိုရင်လည်း ရောင်းအားကောင်းနေတဲ့အတွက် Samsung အတွက်တော့ အားရဖို့ကောင်းနေပါတယ်။

အခုလည်း မနှစ်တုန်းကထွက်ရှိထားတဲ့ Galaxy Fold ရဲ့ မျိုးဆက်သစ် Galaxy Fold 2 ဖုန်းနဲ့ ပတ်သတ်ပြီးတော့ သတင်းအချို့ပေါက်ကြားလာခဲ့ပါတယ်။ ဒီသတင်းတွေက XDA-Delevlopers က Max Weinbach အပြင် နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe တို့ကပါ အတည်ပြုထားတဲ့အတွက် သေချာသလောက်ဖြစ်နေပြီလို့ ပြောရမှာပါ။

အရင်ဆုံး Display အနေနဲ့ကတော့ Galaxy Fold ထက် ပိုကြီးမားတဲ့ 7.7″ Display ကို အသုံးပြုထားပြီးတော့ လက်ရှိ Galaxy Z Flip မှာ အသုံးပြုထားတဲ့ Ultra Thin Glass (UTG) ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Galaxy Fold ရဲ့ Selfie Camera အတွက် နေရာယူထားတဲ့ Notch ကို လုံးဝဖြုတ်လိုက်ပြီးတော့ Display အောက်မှာ Selfie Camera ကို မြုပ်ထားမှာဖြစ်ပါတယ်။ Galaxy Fold 2 ဟာ ပထမဆုံးသော Under Display Camera နည်းပညာကို အသုံးပြုလာမယ့် စမတ်ဖုန်းလည်းဖြစ်လာနိုင်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Galaxy Note Series စမတ်ဖုန်းတွေလိုမျိုးပဲ S Pen ကိုပါ Support ပြုလုပ်လာဦးမှာဖြစ်ပါတယ်။ Body ပိုင်းကို Stainless Steel Frame နဲ့ Ceramic ကို အဆင့်မြှင့်တင်လာမှာဖြစ်သလို Galaxy S20 Series တွေနဲ့ တူညီတဲ့ Camera Setup လည်းပါဝင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Codename ကို Champ လို့နာမည်ပေးထားတဲ့ Galaxy Fold 2 ဟာ မနှစ်တုန်းက Galaxy Fold ထက်တော့ သိသိသာသာကို အဆင့်မြှင့်တင်မှုတွေပါဝင်လာမှာဖြစ်ပြီးတော့ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ လာမယ့် ဇူလိုင်လဝန်းကျင်မှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

Ref – 9to5Google