OnePlus 8 Pro ဟာ အခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ OnePlus ကနေ မိတ်ဆက်လာမယ့် စမတ်ဖုန်းသုံးလုံးထဲက တစ်လုံးဖြစ်ပါတယ်။ ဒီဟန်းဆက်ရဲ့ ဒီဇိုင်းအကြမ်းဖျင်းကိုတော့ Render ပုံတွေပေါက်ကြားရာမှ မြင်တွေ့ခဲ့ရပြီးဖြစ်ပေမယ့် အခုတစ်ခါ ဒီဖုန်းရဲ့ ပြင်ပမှ ပကတိအတိုင်း ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခု အွန်လိုင်းပေါ်ရောက်လာခဲ့ပါတယ်။
ပုံစံကြည့်ရတာတော့ OnePlus 7 Pro နဲ့ 7T Pro တို့မှာ သုံးခဲ့တဲ့ ဒေါင်လိုက်ကင်မရာဒီဇိုင်းကိုပဲ ဆက်သုံးစွဲထားပုံပေါ်ပြီး Camera Housing ထဲမှာ Sensor သုံးခုထည့်ထားတာလည်း မျိုးဆက်ဟောင်းလိုပါပဲ။ ဒါပေမယ့် ဘေးဘက်မှာ အပို Sensor လေးတစ်ခု ထပ်ထည့်ထားတာကြောင့် ကင်မရာလေးလုံးဖြစ်သွားပြီး ဒီ Sensor ကတော့ 3D TOF လို့ ယူဆရပါတယ်။
ကံမကောင်းတာက အခုပေါ်လာတဲ့ Live Photo ဟာ ဟန်းဆက်ရဲ့ ရှေ့ဘက်ကိုတော့ မပြထားတာကြောင့် Punch-hole ဒီဇိုင်းလို့ သတင်းထွက်ထားတဲ့ Display ကိုတော့ မမြင်ရသေးပါဘူး။ OnePlus 8 Pro ဖုန်းမှာ အပေါ်ဘယ်ဘက် Punch-hole ပါတဲ့ Curved Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။
Display နဲ့ ကင်မရာအပြင် OnePlus 8 Pro မှာ ကြိုးမဲ့အားသွင်းစနစ်လည်း ပါလာမယ်လို့ သိထားပါတယ်။ ပုံမှန်ဗားရှင်း OnePlus 8 မှာလည်း ကြိုးမဲ့အားသွင်းစနစ် ပါမယ်လို့ ဆိုထားတာကြောင့် Pro ဗားရှင်းအတွက် ဈေးကြီးကြီး မသုံးချင်တဲ့ သူတွေအတွက်လည်း ဝမ်းသာစရာပါပဲ။ အတွင်းမှာတော့ လက်ရှိ Flagship တွေရဲ့ ခြေရာအတိုင်း Snapdragon 865 ချစ်ပ်ဆက်အသစ်ကိုပဲ အသုံးပြုလာမှာပါ။
Ref – Gizmo China