Huawei က ပြီးခဲ့တဲ့နှစ် MWC မှာ Foldable Mate X ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် Mate Xs ကို ချပြလိုက်ပါပြီ။ Kirin 990 5G Chipset မောင်းနှင်ထားပြီး Hinge ကို ပိုကောင်းအောင် ဖန်တီးထားပါတယ်။ Cooling System ကို အဆင့်မြှင့်ထားပြီး မျက်နှာပြင်၊ ကင်မရာတွေနဲ့ ဒီဇိုင်းက အရင်မျိုးဆက်နဲ့ တူပါတယ်။ Foldable OLED မျက်နှာပြင်မှာ အလွှာ ၂ ထပ် ထည့်ထားတဲ့အတွက် ပိုမာကျောလာပါတယ်။  ဖြန့်ထားရင် ၈ လက်မ 2480×2200 Pixels မျက်နှာပြင်နဲ့ ခေါက်ချိုးထားရင် ၆.၆ လက် 19.5:9 မျက်နှာပြင်ကို သုံးနိုင်ပါတယ်။

Mate Xs မှာ 40MP Main , 8MP Telephoto (OIS) နဲ့ 16MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပြီး Bokeh Shots တွေမှာ Edge Detection ပိုကောင်းစေမယ့် ToF Sensor ၁ လုံးနဲ့အားဖြည့်ထားပါတယ်။ အရှေ့ကင်မရာ မပါဘဲ ဆဲလ်ဖီး ဆွဲချင်ရင် ဖုန်းကို ခေါက်ချိုးပြီး ရိုက်နိုင်ပါတယ်။ Falcon Wing Hinge အသစ်ပါလာပြီး Huawei က အရင်မျိုးဆက်ထက် ပိုမာကျောတယ်လို့ ပြောပါတယ်။

Mate Xs မှာ 55W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာတဲ့အတွက် အားသွင်းနှုန်းမြန်သလို ဘက်ထရီ သက်တမ်းလည်း ကောင်းမှာပါ။ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပြီး Google Services မပါပါဘူး။ HMS (Huawei Mobile Services) ထည့်ထားပြီး Google Apps တွေကိုမှ တမ်းတမ်းစွဲနေသူတွေအတွက် စိတ်မကောင်းစရာပါ။

8/512GB ပါတဲ့ မော်ဒယ်ကို ၂,၄၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၃၉ သိန်းလောက်ရှိပါတယ်။ မတ်လမှာ တစ်ကမ္ဘာလုံးမှာ ရောင်းမယ်လို့ စီအီးအို Richard Yu က ပြောပါတယ်။

Ref : gsmarena