OnePlus အန္ဒိယက မတ်လ ၃ ရက်နေ့အတွက် ဗီဒီယိုအတိုလေးတစ်ခုကို တွစ်တာမှာ တင်လိုက်ပါတယ်။ ဒီဗီဒီယိုက ပြသတာကတော့ OnePlus ရဲ့ Device သစ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမယ့် ဘယ်လို Device လဲဆိုတာကိုတော့ ဗီဒီယိုက ရှင်းရှင်းလင်းလင်းပြသခဲ့တာ မဟုတ်ပါဘူး။

ဒါပေမယ့် OnePlus UK မှာဖော်ပြထားတာကတော့ အခုဗီဒီယိုဟာ စမတ်ဖုန်းကိုလည်း ရည်ညွှန်းတာမဟုတ်သလို၊ တခြားစီးပွားဖြစ်ထုတ်ကုန်ကိုလည်း ရည်ညွှန်းတာမဟုတ်ဘူးလို့ သိလာရပါတယ်။ OnePlus UK က “Special Project” ကို ပြုလုပ်နေတယ်လို့ ဆိုထားတာပါ။

OnePlus UK က ဒီဗီဒီယိုကိုကြည့်ပြီး ဘာ Product ဖြစ်မယ်ဆိုတာ ခန့်မှန်းမှတ်ချက်တွေ ရေးပေးဖို့ တောင်းဆိုထားပါသေးတယ်။ ဗီဒီယိုတင်မကဘဲ ရုပ်ပုံအချို့လည်း တွစ်တာပေါ်မှာ မျှဝေထားတာတွေ့ရပေမယ့် ပဟေဠိကို အဖြေထုတ်ပေးနိုင်တဲ့ သဲလွန်စတစ်ခုတစ်လေမှ မတွေ့ရပဲ ဖြစ်နေပါတယ်။

ဒီတော့ ဒီနေ့မှာ တရုတ်အခြေစိုက် ကုမ္ပဏီကြီးဟာ OnePlus 8 ကို ကြေညာဖို့ မသေချာဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အကယ်၍ မတ်လ ၃ ရက်နေ့မှာ မကြေညာခဲ့ဘူးဆိုရင်တော့ ဧပြီလထဲကို ရောက်သွားဖွယ်ရှိပါတယ်။ ဒါကြောင့် OnePlus ရဲ့ ၂၀၂၀ အတွက် စမတ်ဖုန်းတွေအကြောင်းကို လာမယ့်ရက်သတ္တပတ်တွေမှာ မြင်တွေ့လာရဖွယ် ရှိပါတယ်။

Ref: GSM Arena