ကိုရိုနာဗိုင်းရက်စ် (COVID-19) က LG ကိုလည်း မွှေနေပါပြီ။ LG ဟာ တောင်ကိုရီးယားနိုင်ငံ ဂူမီရှိ မျက်နှာပြင်တွေ ထုတ်လုပ်နေတဲ့ စက်ရုံ အနီး ဘဏ် ၁ ခုက ဝန်ထမ်း ၁ ယောက်ဟာ ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံလိုက်ရတဲ့အတွက် အဲဒီ စက်ရုံကို ပိတ်လိုက်တယ်လို့ သိရပါတယ်။ LG ရဲ့ စက်ရုံ ဝန်ထမ်းတွေမှာ ဗိုင်းရက်စ် ကူးစက်တာ မရှိသေးပေမယ့် ဝန်ထမ်းတွေ ဘေးကင်းလုံခြုံဖို့အတွက် စက်ရုံကို ၃ ရက်ကြာ ပိတ်လိုက်ပါတယ်။

အဲဒီစက်ရုံမှာ TFT အခြေပြု LCD မျက်နှာပြင်တွေကို အဓိက ထုတ်လုပ်နေတာ ဖြစ်ပြီး စက်ရုံ ပိတ်လိုက်တဲ့အတွက် နောက်ထုတ်မယ့် ထုတ်ကုန်တွေ နှောင့်နှေးသွားမှာတော့ မဟုတ်ပါဘူး။ လာမယ့်ရက်တွေအတွင်းမှာ ဗိုင်းရက်စ် ကူးစက်မှု ပိုဆိုးမလာဘူးဆိုရင် LG က မတ်လ ၃ ရက်နေ့မှာ စက်ရုံကို ပြန်လည် လည်ပတ်သွားမယ်လို့ သိရပါတယ်။

LG က စက်ရုံ ပိတ်လိုက်တဲ့ အပြင် ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစေဖို့ ကာကွယ်ရေး အစီအစဉ်တွေ ပြုလုပ်ပေးထားပါတယ်။ LG က ပိုးသတ်ဆေးရည်နဲ့ မျက်နှာဖုံးတွေကို ပံ့ပိုးပေးထားသလို စက်ရုံတွေမှာ အနီအောင်ရောင်ခြည် ကင်မရာတွေ တပ်ဆင်ပေးထားပါတယ်။ တရုတ်ပြီးရင် တောင်ကိုရီးယားမှာ ဗိုင်းရက်စ် ကူးစက်မှု အများဆုံး ဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်သူ ၃,၅၀၀ ကျော်သွားပါပြီ။

LG ဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် ထိခိုက်နစ်နာတဲ့ စမတ်ဖုန်း ကုမ္ပဏီ ၁ ခုဖြစ်လာပါတယ်။ Apple နဲ့ Samsung တို့လို အထင်ကရ ကုမ္ပဏီတွေဟာ ကုန်ပစ္စည်းထုတ်လုပ်မှု နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Ref : gizchina