Huawei AppGallery ဟာ အသစ်ဆိုပေမယ့် တကယ်တမ်းမှာတော့ မိုလ်ဘိုင်းလောကမှာ တတိအကြီးဆုံး Application ဖြစ်ပါတယ်။ အခုလည်း Huawei ဟာ သူတို့ရဲ့ AppGallery ပိုပြီးကြီးမားလာစေဖို့ Developer တွေကို မက်လုံးတွေပေးပြီး ဆွဲဆောင်နေပြန်ပါတယ်။

Huawei က Developer တွေကို ဆွဲဆောင်တဲ့နည်းလမ်းက ရိုးရှင်းပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာလည်း ကောင်းသလို ထိရောက်မှုလည်းရှိမယ်လို့ ယူဆရပါတယ်။ အဲဒါကတော့ Revenue-sharing ဖော်မြူလာကို အပြောင်းအလဲလုပ်ပြီး Developer တွေအတွက် ၉၀% ထားပေးလိုက်တာပါပဲ။

တစ်ဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် Google ဟာ Developer တွေနဲ့ Revenue-sharing ကို ၃၀−၇၀ သတ်မှတ်ထားတာကို တွေ့ရမှာပါ။ ဒါကြောင့် Developer တွေက ၇၀ ရာခိုင်နှုန်းပဲ ရရှိမှာပါ။ Apple App Store မှာလည်း ဒီအတိုင်းပါပဲ။ ဒီလို ၃၀−၇၀ နှုန်းထားကြောင့် Developer တွေဘက်က အပြည့်အဝ စိတ်ကျေနပ်ကြတာတော့မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက Epic Games ဟာ Fortnite ကို Google Play Store ပေါ်တင်ဖို့ ငြင်းဆန်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ Google က ၃၀% ယူတာဟာ Developer တွေအတွက် သိပ်ကိုမြင့်မားတယ်လို့ ဆိုပါတယ်။ ၇၀ ရာခိုင်နှုန်းဟာ ဂိမ်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့၊ လည်ပတ်အောင်လုပ်ဆောင်ဖို့၊ ဂိမ်းကို ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ ကုန်ကျတာနဲ့ မကာမိဘူးလို့ ဆိုတာပါ။

ဒါကြောင့် Huawei ရဲ့ ကမ်းလှမ်းမှုဟာ Developer တွေအတွက် အတော်လေးကို စိတ်ဝင်စားစရာ ကမ်းလှမ်းမှု ဖြစ်ပါလိမ့်မယ်။ Huawei ဟာ Preferential Policy လို့ခေါ်ဆိုပြီး ဒီသဘောတူညီမှုကို ၂၄ လ သက်တမ်းသတ်မှတ်ထားပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မတိုင်မီ သဘောတူညီပူးပေါင်းမှုပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

Ref: Gizmochina