Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ Mi 10 Pro စမတ်ဖုန်းဟာ Camera ပိုင်း တိုင်းတာတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark မှာ ရမှတ် ၁၂၄ မှတ်နဲ့ အကောင်းဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နံပါတ် (၁) နေရာကို ကြာကြာမထိန်းသိမ်းနိုင်လိုက်ဘူးလို့ပဲ ပြောရမှာပါ။

ဘာကြောင့်လဲဆိုရင် OPPO ကနေ အခုမိတ်ဆက်လိုက်တဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Find X2 Series ဖုန်းတွေထဲက Find X2 Pro စမတ်ဖုန်းဟာ Mi 10 Pro နဲ့တူညီတဲ့ ရမှတ် ၁၂၄ မှတ်နဲ့ နံပါတ် (၁) နေရာကို ရယူလိုက်တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် OPPO Find X2 Pro ဖုန်းဟာ Mi 10 Pro လိုမျိုး Quad Camera Setup မဟုတ်တဲ့ Triple Camera Setup ပဲပါဝင်ပြီးတော့ Megapixel အရလည်း Mi 10 Pro ရဲ့ 108MP Primary Sensor အစား 48MP Primary Sensor ကိုပဲ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Megapixel အရအားနည်းတယ်ဆိုပေမယ့် တကယ့် Camera Quality မှာတော့ တော်တော်လေးကိုကောင်းမွန်တဲ့ပုံစံပါပဲ။

Specs အရဆိုရင် 48MP Primary Sensor ၊ 48MP Ultrawide Camera နဲ့ 13MP Periscope Telephoto Sensor ကိုတပ်ဆင်ထားတာဖြစ်ပြီး Telephoto Sensor ဟာဆိုရင် 5x Optical Zoom နဲ့ 60x Digital Zoom တွေကိုပါ Support ပေးနိုင်တာလည်းဖြစ်ပါတယ်။

DxOMark ရဲ့ သုံးသပ်ချက်အရတော့ OPPO Find X2 Pro ဖုန်းဟာ Auto Focus ပိုင်းမှာ သိသိသာသာကိုကောင်းမွန်ပြီးတော့ ဓါတ်ပုံရိုက်တဲ့နေရာမှာ ပိုပြီး Balanced ဖြစ်တဲ့ Experience ကို ရရှိမယ်လို့ သိရပါတယ်။ Zoom ပိုင်းတွေလည်း ကောင်းမွန်သလို Video Stabilization မှာလည်း အထင်ကြီးစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO အနေနဲ့ Find X2 Pro ဖုန်းမှာ ဒီလိုမျိုး 48MP Triple Camera Setup ပဲအသုံးပြုပြီးတေ့ာ DxOMark မှာ နံပါတ် (၁) ရသွားကတော့ ချီးကျူးစရာပါ။

Ref – Gizmo China