လက်ရှိအချိန်မှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ ကူးစက်ခံရသူ ၁ သိန်းကျော်နဲ့ အသက်သေဆုံးသူ ၃,၆၀၀ ကျော်အထိရှိနေပြီဖြစ်ပါတယ်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းထုတ်လုပ်မှုတွေလည်း သိသိသာသာကို ထိခိုက်နေတယ်လို့ ပြောရမှာပါ။

အခုလည်း US ၊ New York မှာရှိတဲ့ Apple Store တွေက iPhone 11 Series တွေကို Stock လုံလောက်အောင်မထားနိုင်တော့ဘဲ အရေအတွက်ပြတ်လပ်မှုတွေကို တွေ့ကြုံနေရပြီလို့ သိရပါတယ်။ တချို့သော Apple Store တွေမှာတော့ Stock နည်းပါးနေတာမျိုးပဲကြုံနေရပေမယ့် တချို့ Store တွေမှာဆိုရင်လုံးဝကို Stock ပြတ်တဲ့အထိဖြစ်နေတာလည်းဖြစ်ပါတယ်။

အဆိုပါ iPhone Model တွေကတော့ အဓိကအနေနဲ့ iPhone 11 နဲ့ 11 Pro ဖုန်းတွဲဖစ်ပြီး ဒီလိုမျိုး လုံလောက်မှုမရှိတာက ဝင်ရောက်လာတဲ့ Shipment တွေက အစီအစဥ်တကျမဖြစ်တော့တဲ့အပြင် ဘယ်အချိန်မှာပုံမှန်အခြေအနေပြန်ဖြစ်မလဲဆိုတာကိုလည်း သိရှိရခြင်းမရှိသေးပါဘူး။

US Carrier တစ်ခုဖြစ်တဲ့ AT&T ရဲ့ ဝန်ထမ်းတစ်ဦးအရတော့ Carrier Store တွေမှာရှိတဲ့အရေအတွက်က ပုံမှန်ထက်နည်းပါးနေပေမယ့် Warehouse တွေမှာ သိုလှောင်ထားတဲ့ iPhone တွေရှိနေသေးတဲ့အတွက် တကယ်လို့ Customer ဝယ်ယူချင်တဲ့ iPhone Model က Stock မရှိနေဘူးဆိုရင် အမှာစာရယူပြီး ၂ ရက်အတွင်း ပို့ဆောင်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ Apple အတွက် iPhone ထုတ်လုပ်မှုတွေတင်ထိခိုက်စေတာမဟုတ်ဘဲ Apple ဝန်ထမ်းတွေကိုလည်း အိမ်ကနေပဲ အလုပ်လုပ်ကိုင်ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ နှစ်စဥ်ကျင်းပနေကြ Developer Conference ဖြစ်တဲ့ WWDC လည်း ဖျက်သိမ်းနိုင်ခြေများနေပါတယ်။

Ref – Mac Rumors