တရုတ်ရဲ့ 3C မှာ စမတ်ဖုန်းသစ်တစ်မျိုးကို တွေ့လိုက်ရပါတယ်။ အတည်ပြုချက်ရခဲ့တာက မော်ဒယ်နံပါတ် EBG-AN00 နဲ့ EBG-AN10 တွေဖြစ်ပါတယ်။ ဒီမော်ဒယ်နံပါတ်နဲ့ဖုန်းတွေဟာ Huawei လား Honor လားဆိုတာကို အခုအချိန်ထိ အတည်ပြုလို့မရသေးပါဘူး။

ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း Device မျိုးကွဲအတော်များများကို Bluetooth SIG ရဲ့ Database ထဲမှာ တွေ့ခဲ့ရပါသေးတယ်။ EBG-AN00 / AN10 ဟာ 5G ဖုန်းဖြစ်ပါတယ်။ HW-100400C01 နဲ့အသိအမှတ်ပြုခံထားရတာဖြစ်ပြီး 40W အမြန်အားသွင်းစနစ်နဲ့ အားသွင်းနိုင်တာကို တွေ့ရပါတယ်။

40W အမြန်အားသွင်းစနစ်ဟာ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်ရောင်းချတော့မယ့် Huawei P40 Pro မှာလည်း အသုံးပြုထားမှာဖြစ်ပါတယ်။ ဒီတော့ 3C မှာတွေ့ရတဲ့ EBG မော်ဒယ်နံပါတ်နဲ့ Device တွေဟာ Huawei အမှတ်တံဆိပ်အောက်ကပဲ ထွက်လာမလားလို့ တွေးစရာဖြစ်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။

အချို့သတင်းတွေမှာတော့ Honor 30 တွေရဲ့ ကုဒ်နံပါတ်တွေဟာ U.K တက္ကသိုလ်တွေပေါ်အခြေခံတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က Honor V30 ဟာ OXF-AN00 ဖြစ်ခဲ့ပါတယ်။ ဒါဟာ Oxford တက္ကသိုလ်ကို ကိုယ်စားပြုထားတာပါ။ BMH-AN10 နဲ့ Honor 30 ဟာ Birmingham တက္ကသိုလ်ကို ကိုယ်စားပြုထားတာပါ။

ဒီအတိုင်းဆိုရင် EBG ဟာလည်း Edinburgh တက္ကသိုလ်ကို ကိုယ်စားပြုထားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အထူးသဖြင့် Honor 30 5G အမျိုးအစား ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Honor 20 နဲ့ 20 Pro တို့ဟာ 22.5W အမြန်အားသွင်းစနစ်နဲ့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Honor 30 နဲ့ 30 Pro တို့ဟာ 40W အားသွင်းစနစ်နဲ့ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

Ref: Gizmochina