ဈေးကွက်ဦးဆောင်မှုဆိုင်ရာ သုတေသနကုမ္ပဏီ IDC ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်နဲ့ တစ်နှစ်လုံးစာ ဈေးကွက်အစီရင်ခံစာကို ဖော်ပြလိုက်ပါတယ်။ ဒီဖော်ပြချက်အရ Apple ဟာ ကမ္ဘာ့ Wearable ဈေးကွက်ကို ဆက်လက်ဦးဆောင်နေဆဲ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။

အချက်အလက်တွေအရ Apple ဟာ ၂၀၁၉ စတုတ္ထသုံးလပတ်အတွင်း Wearable ပေါင်း ၄၃.၄ သန်း တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် Apple Watch တင်ပို့ရောင်းချမှု မာဏဟာ နှစ်အလိုက်ဆိုရင် ၅.၂% ကျဆင်းသွားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ထုတ်ကုန်တွေရဲ့ ဝယ်လိုအားကိုမီအောင် မလုပ်နိုင်တာပဲ ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာ Xiaomi ကတော့ ၂၀၁၉ စတုတ္ထသုံးလပတ်အတွင်း Wearable ပေါင်း ၁၂.၈ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ တင်ပို့မှုစုစုပေါင်းရဲ့ ၇၃.၃% ဟာ (၉.၄သန်း) ဟာ Wristband တွေ ဖြစ်ခဲ့ပါတယ်။ Xiaomi လည်းပဲ ၂၀၁၈ ကာလတူ တင်ပို့ရောင်းချမှုနနဲ့နှိုင်းယှဉ်ရင် ကျဆင်းသွားတယ်ဆိုပေမယ့် Wearable တွေက ကုမ္ပဏီရဲ့ ညွှန်းကိန်းကို ထောက်ကူပေးနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးကတော့ တတိယနေရာမှာ ရပ်တည်နေတာပါ။ JBL နဲ့ Infinity အပါအဝင် အခြားထုတ်ကုန်တွေက Samsung ကို ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy Active နဲ့ Active 2 စမတ်နာရီတွေကတော့ ထင်ရှားတဲ့ သင်္ကေတလို့ ဆိုရမှာပါ။ Samsung ရဲ့ နောက်ထပ်မဟာဗျူဟာက စမတ်ဖုန်းတွေနဲ့ Wearable တွေကို တွဲနိုင်ဖို့ ကြိုးစားတာပါပဲ။

Huawei ကတော့ အမေရိကန်ရဲ့စီးပွားရေ:ပိတ်ဆို့မှုနဲ့ ကြုံရပေမယ့် ၆၃.၄% တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ တင်ပို့မှုနှုန်းက တိုးတက်လာပြီး အများအားဖြင့် ကလေးနာရီတွေနဲ့ GT2 တွေဖြစ်ပါတယ်။ တရုတ်အခြေစိုက် ကုမ္ပဏီကလည်း Wearable ပိုင်းမှာ ခိုင်မာတဲ့ ပုံရိပ်တစ်ခု တည်ဆောက်နေနိုင်တာ ဖြစ်ပါတယ်။

Ref: Gizmochina