HMD Global က Nokia 8.3 5G , Nokia 5.3 , Nokia 1.3 နဲ့ Nokia 5310  ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ဖုန်း အဟောင်းတွေကိုလည်း မပစ်ပယ်ထားပါဘူး။ Nokia 6.2 နဲ့ Nokia 7.2 အတွက် 007-branded Kevlar Cases တွေကို ထုတ်လုပ်ပေးလိုက်ပြီး Live Stream Video ကနေ မြန်မြန် ကြေညာသွားတဲ့အတွက် ရုပ်ပုံ အရည်အသွေး ကောင်းတဲ့ Schreenshot မဖမ်းယူလိုက်မိပါဘူး။

အဲဒီ Cases ကို ဒီလကုန်မှာ တစ်ကမ္ဘာလုံးမှာ ရောင်းမှာ ဖြစ်ပြီး ၁၉.၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သောင်းလောက်ရှိပြီး Nokia 7.2 နဲ့ Nokia 6.2 Cases တွေရဲ့ ဈေးက တူတူပါပဲ။ စွမ်းဆောင်ရည်မြင့်  Nokia 8.3 5G အတွက် 007 Case မထုတ်လုပ်ပေးတာက အံ့အားသင့်စရာကောင်းပါတယ်။ နောက်ပိုင်းမှာ ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။

James Bond ရုပ်ရှင်အသစ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြသမှာ ဖြစ်တဲ့အတွက် အချိန်အများကြီးလိုပါသေးတယ်။ ရုပ်ရှင် ပြသခါနီးမှ Nokia 8.3 5G အတွက် 007 Case ထွက်ရှိလာနိုင်ပါတယ်။ ရုပ်ရှင်ကို မူလက ဧပြီလမှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ်ံ ကိုရိုနာဗိုင်းရက်စ်ကြောင့် ပြသချိန်ကို နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။

Ref : gsmarena