Xiaomi ကနေ Redmi K30 Pro နဲ့ K30 Pro Zoom Edition ဖုန်းတွေကို ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Redmi K30 Pro ဖုန်းတွေနဲ့အတူ RedmiBook 14 Ryzen Edition ကိုပါ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ရှိနေခဲ့ပြီးတော့ အခုလည်း နောက်ထပ် Product အသစ်ကိုပါ မိတ်ဆက်သွားဦးမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ကုမ္ပဏီရဲ့ General Manger ဖြစ်တဲ့ Lu Weibeing ကနေ Weibo Account မှာ Teaser ဓါတ်ပုံတင်ခဲ့တာဖြစ်ပြီးတော့ ဒါကတော့ လက်ရှိ Mi TV တွေကနေ ကွဲထွက်လာတဲ့ Redmi TV ရဲ့ ဓါတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ Redmi ကနေ Air Purifier F1 ကိုလည်း ထပ်ပြီး မိတ်ဆက်ဖို့ရှိနေတဲ့အတွက် ကြည့်ရတာ Redmi Ecosystem တစ်ခုအနေနဲ့ ဆောင်ရွက်သွားချင်တဲ့ပုံစံပါပဲ။

Redmi TV ဟာပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းထဲက Redmi Note 8 ဖုန်းကိုမိတ်ဆက်တဲ့အချိန်မှာ ပထမဆုံး Redmi TV ကိုမိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Redmi TV ဟာ 70″ Size ရှိပြီး 4K HDR Panel ကိုမှ Amlogic Quad-core 64-bit Processor ကို RAM 2GB ၊ 16GB ROM တွေထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုထပ်ပြီး အသစ်မိတ်ဆက်မယ့် Redmi TV ရဲ့ Specs တွေကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Redmi Brand ကို သဘောကျတဲ့သူတွေအတွက်ကတော့ Redmi Product အများအပြားကို မကြာခင် မြင်ရတော့မှာပါ။

Ref – Gizmo China