Xiaomi ရဲ့ Sub-brand ဖြစ်တဲ့ Redmi ဟာ မကြာသေးခင်တုန်းက Redmi K30 Pro နဲ့ K30 Pro Zoom Edition စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ K30 Series စမတ်ဖုန်းတွေဟာ မနှစ်တုန်းက အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Redmi K20 Series ရဲ့ မျိုးဆက်သစ်ဖုန်းတွေလို့လည်း ပြောလို့ရပါတယ်။

အခုလည်း Xiaomi ကနေ Redmi K20 Series ကို စတင်ရောင်းချခဲ့တဲ့ ၉ လတာ ကာလအတွင်းရောင်းအားကို ထုတ်ပြန်ခဲ့ပါတယ်။ Xiaomi ရဲ့ ထုတ်ပြန်ချက်အရတော့ Redmi K20 Series ဖုန်းတွေအနေနဲ့ အခုအချိန်အထိ စုစုပေါင်း အလုံးရေ ၅ သန်းကျော်ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီနေရာမှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က Redmi K20 Series ဝယ်ယူသူတွေရဲ့ ထက်ဝက် ၅၀ ရာခိုင်နှုန်းဟာ Xiaomi မဟုတ်တဲ့ တခြားသော Brand ကနေ ပြောင်းလဲပြီး ဝယ်သူသူတွေဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကလည်း Redmi K20 Series ဖုန်းတွေဟာ Price-to-Performance ပိုင်းမှာ သိသိသာသာကိုကောင်းမွန်နေတာကြောင့်ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ Redmi K30 ဖုန်းကို ၃ လအတွင်းမှာတင် အလုံးရေ ၁ သန်းရောင်းချခဲ့ပြီးဖြစ်သလို အခုလည်း Redmi K30 Pro ဖုန်းတွေကို မိတ်ဆက်ထားတဲ့အတွက် မနှစ်ကလိုပဲ ရောင်းအားကောင်းလာဖို့ အလားအလာများနေပါတယ်။

Ref – GSM Arena