ZTE က စမတ်ဖုန်း အသစ် ၁ လုံးကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး တိတိကျကျပြောရရင် မတ်လ ၂၃ ရက်နေ့မှာပါ။ Axon 11 5G လို့ နာမည်ပေးထားပြီး အခုတော့ တရုတ်မှာ အွန်လိုင်းကနေ ရောင်းချပေးလိုက်ပါတယ်။ 6/128GB ကို ၂,၆၉၈ ယွမ်၊ 8/128GB ကို ၂,၉၉၈ ယွမ်နဲ့ 8/256GB ကို ၃,၃၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၂ သောင်း၊ ၅ သိန်း ၈ သောင်းနဲ့ ၆ သိန်း ၆ သောင်းလောက် အသီးသီး ရှိပါတယ်။
အဲဒီ စမတ်ဖုန်းကို နောက်ပိုင်းမှာ တခြား နိုင်ငံတွေမှာ ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။ အရင် Axon မော်ဒယ်တွေကို တရုတ်ပြင်ပမှာ ရောင်းချခဲ့တဲ့အတွက် Axon 11 5G ကိုလည်း တခြား နိုင်ငံတွေအတွက် ရောင်းချပေးနိုင်ပါတယ်။ တရုတ်ပြင်ပမှာ ဈေးက ကွာခြားနိုင်ပါတယ်။
ZTE Axon 11 5G မှာ ၆.၄၇ လက်မ 1080x2340p AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 18W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာတွေ ထည့်သွင်းထားပါတယ်။ Waterdrop Notch မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး Android 10 အခြေပြု ZTE MiFavor UI 10 မောင်းနှင်ထားပါတယ်။
Ref : gsmarena