Apple က ကျန်းမာရေးဝန်ထမ်းတွေအတွက် Face Shields တွေ ထုတ်လုပ်ပေးမယ်လို့ စီအီးအို Tim Cook က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗီဒီယို ၁ ခုနဲ့ အသိပေးလိုက်ပါတယ်။ ၁ ပတ်ကို Face Shields ၁ သန်း ထုတ်လုပ်ပေးဖို့ ကုမ္ပဏီက ပစ်မှတ်ထားထားပါတယ်။ Cook က “ ကုမ္ပဏီ ၁ ခုလုံး အတိုင်းအတာနဲ့ ကြိုးစားနေကြပါတယ်။ ထုတ်ကုန် ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေ၊ ထုပ်ပိုးတဲ့ အဖွဲ့တွေနဲ့ Suppliers တွေ ပူးပေါင်းပြီး ကျန်းမာရေး ဝန်ထမ်းတွေအတွက် Face Shields တွေကို ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Apple is dedicated to supporting the worldwide response to COVID-19. We’ve now sourced over 20M masks through our supply chain. Our design, engineering, operations and packaging teams are also working with suppliers to design, produce and ship face shields for medical workers. pic.twitter.com/3xRqNgMThX
— Tim Cook (@tim_cook) April 5, 2020
သူက “ ပထမဆုံး အသုတ်ကို Santa Clara Valley က Kaiser ဆေးရုံကို ပြီးခဲ့တဲ့ ၁ ပတ်က ပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်တွေရဲ့ တုန့်ပြန်မှုက အရမ်းကောင်းပါတယ်။ Apple ရဲ့ Face Shields ဒီဇိုင်းဟာ ကျစ်လစ်ပြီး ဘူး ၁ ခုထဲကို အခု ၁၀၀ တောင် ထည့်နိုင်ပါတယ်။ ၂ မိနစ်အတွင်းမှာ ၁ ဘူး ထုတ်လုပ်ပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံ အဝန်းက ဆရာဝန်တွေဟာ Face Shields နဲ့ Masks တွေလို ကာကွယ်ရေး ပစ္စည်းတွေ ပြတ်လပ်နေကြတဲ့အတွက် ဗိုင်းရက်စ်ကူးစက်သွားနိုင်ပါတယ်။ Cook က Apple ဟာ လိုအပ်နေတဲ့ အဖွဲ့အစည်းတွေကို N95 Masks သန်း ၂၀ လှူဒါန်းထားတယ်လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရက်ကြောင့် ကယ်လီဖိုးနီးယားက Apple ဝန်ထမ်းတွေဟာ နေအိမ်ကနေ အလုပ်လုပ်နေကြပြီး တရုတ် ပြင်ပက စတိုးအားလုံးကို ရက် အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
Ref : cnbc