SFGate ရဲ့ ဖော်ပြချက်အရ အသက် ၁၉ နှစ်အရွယ် အမေရိကန်လူငယ် Sam Nelson ဟာ AI chatbot ဖြစ်တဲ့ ChatGPT ဆီကနေ မူးယစ်ဆေးဝါးဆိုင်ရာ အကြံဉာဏ်တွေကို အကြိမ်ကြိမ် ရယူပြီးနောက် ဆေးလွန်ပြီး သေဆုံးသွားခဲ့ပါတယ်။

A Calif. teen trusted ChatGPT's drug advice. He died from an overdose.

Nelson ဟာ kratom ၊ Xanax နဲ့ အရက်တွေကို ရောနှောသုံးစွဲပြီးနောက် နေအိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့ရတယ်လို့ သူ့မိသားစုက ပြောပါတယ်။

သတင်းတွေအရ Nelson ဟာ kratom ၊ ချောင်းဆိုးပျောက်ဆေးရည်၊ Xanax နဲ့ အရက် အပါအဝင် မူးယစ်ဆေးဝါးတွေအကြောင်း မေးမြန်းမှုတွေလုပ်ပြီး chatbot နဲ့ ၁၈ လကြာ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

California teen dies of overdose after months of seeking drug advice from  ChatGPT, mother claims | New York Post

SFGate က ပြန်လည်စစ်ဆေးခဲ့တဲ့ chat မှတ်တမ်းတွေအရ chatbot ဟာ အစပိုင်းမှာ လမ်းညွှန်မှုပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆေးပမာဏနဲ့ အသုံးပြုပုံ အကြံပြုချက်တွေကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်ဟာ AI ဘေးကင်းရေးဆိုင်ရာ အတားအဆီးတွေနဲ့ ဆေးကုသမှု သို့မဟုတ် မူးယစ်ဆေးဝါးဆိုင်ရာ အကြံဉာဏ်တွေအတွက် chatbot တွေကို အားကိုးတာရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

Ref : Fossbytes