နောက်ဆုံးပေါ် Full Self-Driving (FSD) ဗားရှင်း v13.2.8 နဲ့ Hardware 4 နည်းပညာတပ်ဆင်ထားတဲ့ ၂၀၂၅  ခုနှစ် မော်ဒယ် Tesla Model 3 ကားတစ်စီးဟာ လမ်းပေါ်ကနေ ရုတ်တရက်ထိုးကျပြီး တိမ်းမှောက်သွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အယ်လ်ဘားမားပြည်နယ်က ဝေါလီ ဆိုတဲ့ ကားမောင်းသူဟာ မေးစေ့မှာ ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ သူက အဲဒီမတော်တဆမှုရဲ့ ဗီဒီယိုကို Reddit လူမှုကွန်ရက်မှာ မျှဝေခဲ့ရာကနေ FSD စနစ်ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Tesla ကုမ္ပဏီကတော့ ယာဉ်မောင်းတွေမှာပဲ အပြည့်အဝတာဝန်ရှိတယ်လို့ ပြောပေမယ့် အဲဒီဖြစ်စဉ်ကြောင့် FSD စနစ်ဟာ အများပြည်သူသုံးလမ်းတွေပေါ်မှာ လုံလောက်တဲ့ စိတ်ချယုံကြည်မှုရှိရဲ့လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ Tesla ရဲ့ ကင်မရာကိုပဲ အားထားတဲ့စနစ် (vision-only system) ဟာ အရိပ်တွေ ဒါမှမဟုတ် လမ်းအမှတ်အသားမရှင်းတာလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာ အခက်အခဲရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီမတော်တဆမှုက ကိုယ်တိုင်မောင်းနှင်တဲ့ယာဉ်တွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး ဆက်လက်စိုးရိမ်နေရတဲ့အခြေအနေတွေနဲ့ ပိုမိုတင်းကျပ်တဲ့ ကြီးကြပ်မှုတွေ လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

Ref: Tech Explorers