အမေရိကန် ပြည်ထောင်စု၊ Utah မှ Salt Lake City မှာ ဦးနှောက် အာရုံကြော နည်းပညာဟာ သမိုင်းတစ်ခေတ် ဆန်းသစ်တော့မှာ ဖြစ်ပါတယ်။ အဲဒီမှာ Blackrock Neurotech က လူပေါင်း ၅၀ မှာ Brain Chip ကို ထည့်သွင်းပေးလိုက်ပါတယ်။

Company implants 50 people with brain chips to cure blindness, deafness and depression - UNILAD

အဲဒီ Brain Chip ကို NeuroPort Array လို့ အမည်ပေးထားပြီး အကြောသေနေသူတွေ၊ အမြင်အာရုံ၊ အကြားအာရုံ မရသူတွေဟာ စိတ်နဲ့ ကွန်ပြူတာတွေ၊ စက်ရုပ်လက်တွေနဲ့ လျှပ်စစ် Wheelchair တွေကို ထိန်းချုပ်နိုင်အောင် ရည်မှန်းထားပါတယ်။

Blackrock Neurotech acquires spatial computing firm MindX to commercialize its brain-computer interface product | Auganix.org

ပြင်းထန်တဲ့ ကျောရိုး ဒဏ်ရာရထားပြီး အကြောသေနေတဲ့ Nathan Copeland ရဲ့ ဦးနှောက်ထဲမှာ အဲဒီ Chip ကို ထည့်သွင်းပြီးတဲ့အခါ သူဟာ စိတ်နဲ့ ကွန်ပြူတာကို ထိန်းချုပ်လို့ရလာပါတယ်။ ဒီနည်းပညာမှာ Brain Signal တွေကို ဖတ်ဖို့ Microneedles ၁၀၀ ကို အသုံးပြုထားပြီး အဲဒီ Brain Signal တွေကို Machine Learning နဲ့ ဘာသာပြန်ပေးတာ ဖြစ်ပါတယ်။

Blackrock Neurotech ရဲ့ ပူးတွဲ တည်ထောင်သူ Marcus Gerhardt က အဲဒီ Brain-computer Interface ဟာ မသန်စွမ်းသူတွေ ကိုယ့်အားကိုယ်ကိုး နိုင်စေမယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဓါတ်ခွဲခန်းမှာပဲ စမ်းသပ်နေတာ ဖြစ်ပြီး ကုမ္ပဏီက လူများစွာနဲ့ စမ်းသပ်နိုင်အောင်  FDA ရဲ့ ခွင့်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

Ref : Tech Explorers