၁၂၃ ပေ အမြင့်ရှိတဲ့ ရွက်တိုင် ၂ ခု တပ်ဆင်ထားတဲ့ လေစွမ်းအင်ကို အသုံးပြုပြီး မောင်းနှင်တဲ့ သင်္ဘော ၁ စီးဟာ တရုတ် ကနေ ဘရာဇီးကို ထွက်ခွာသွားပါတယ်။ အဲဒီ သင်္ဘောရဲ့ အမည်က Pyxis Ocean MC Shipping Kamsarmax ဖြစ်ပြီး လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု လျှော့ချဖို့အတွက် လေစွမ်းအင်ကို လောင်စာဆီနဲ့အတူ တွဲဖက် အသုံးပြုတာ ဖြစ်ပါတယ်။

၆ လကြာပြီးနောက်မှာ သင်္ဘော ပိုင်ရှင် Cargill ကုမ္ပဏီက ခရီးစဉ်တွေရဲ့ ရလဒ်ကို ပြောကြားလိုက်ပါတယ်။ လေစွမ်းအင်ကို အသုံးပြု မောင်းနှင်တဲ့ Pyxis Ocean ဟာ ၁ ရက်ကို လောင်စာဆီ ၃.၃ တန် လျှော့ချပေးနိုင်ပါတယ်။ ရာသီဥတု ကောင်းတဲ့ အချိန်မှာ အိန္ဒိယ၊ ပစိဖိတ်နဲ့ အတ္တလန်တစ် ပင်လယ်တွေမှာ မောင်းနှင်တဲ့အခါ ၁ ရက်ကို လောင်စာဆီ ၁၂ တန် သက်သာစေပါတယ်။

Winged cargo ship saves three tonnes of fuel per day on first voyage - India Shipping News

Cargill က သင်္ဘောဟာ ပျမ်းမျှအားဖြင့် ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ထုတ်လွှင့်မှု ၁၄ ရာခိုင်နှုန်း နည်းပါးတယ်လို့ တွက်ချက်ပြထားပါတယ်။ အကောင်းဆုံး နေ့တွေမှာ ၃၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ သင်္ဘောရဲ့  ၁ နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချပေးနိုင်မှုဟာ ကား အစီး ၄၈၀ နဲ့ ညီမျှပါတယ်။

အဲဒီ ရွက်တိုင်တွေကို နည်းပညာ ကုမ္ပဏီ WindWing က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Cargill က ဒီနည်းပညာကို Pyxis Ocean သာ မကဘဲ တခြား သင်္ဘော အားလုံးမှာပါ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို တီထွင်နေပါတယ်။

Ref : ajot