ဂျပန်ဟာ ၂၀၃၅ ခုနှစ် အရောက်မှာ လျှပ်စစ်ကား ၁၀၀ ရာခိုင်နှုန်း အသုံးပြုဖို့ ရည်မှန်းထားပြီး ကုမ္ပဏီတွေဟာ အစိုးရရဲ့ ရည်မှန်းချက် ပြည့်အောင် ကြိုးစားနေကြပါတယ်။ အဲဒီအထဲက ကုမ္ပဏီ ၁ ခုက ENECHANGE ဖြစ်ပြီး နည်းပါးတဲ့ ပုံသေဈေးနဲ့ ဂျပန် ၁ နိုင်ငံလုံးမှ လျှပ်စစ်ကား အားသွင်းစက်တွေကို အကန့်အသတ် မရှိ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပါတယ်။

Japan's $20 Unlimited EV Charging: Solar-Powered Buffet with a Time Limit — Captain Electro

ဂျပန်ရဲ့ လျှပ်စစ်ကား သုံးစွဲမှုဟာ တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် နည်းပါးနေပါသေးတယ်။ တိုယိုတာ လို နာမည်ကြီး ကုမ္ပဏီတွေဟာ ၂၀၃၀ ခုနှစ်အထိ Hybrid ကားတွေကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

ENECHANGE EV Charge enters condominium charging market, First TV commercial starring actress NON as a measure to strengthen promotion | ENECHANGE Ltd.

အဲဒီအတွက်ကြောင့် ဂျပန်မှာ လျှပ်စစ်ကား ရောင်းအားဟာ ၄ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ အဲဒါကို တိုက်ဖျက်ဖို့အတွက် ENECHANGE အပါအဝင် ကုမ္ပဏီတွေဟာ နိုင်ငံအဝန်းမှာ လျှပ်စစ်ကား အားသွင်းစက်တွေကို တည်ဆောက်လာကြပါတယ်။

အခုတော့ ENECHANGE က ၁ လကို ယန်း ၂,၉၈၀ (၁၉.၀၈ ဒေါ်လာ) ပုံသေဈေးနဲ့ တစ်နိုင်ငံလုံးက လျှပ်စစ်ကား အားသွင်းစက်တွေမှာ သတ်မှတ်အချိန်အတွင်း အကန့်အသတ် မရှိ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပါတယ်။ ကုမ္ပဏီမှာ Level 2 Charger ပေါင်း ၁,၈၀၀ ကျော် ရှိပါတယ်။ သတ်မှတ်ချိန်က နံနက် ၇ နာရီ ကနေ ညနေ ၄ နာရီအတွင်း ဖြစ်ပြီး အဲဒီအချိန်ပြင်ပမှာတော့ ၁၀ မိနစ်ကို ၅၅ ယန်း (၀.၃၅ ဒေါ်လာ) ကျသင့်မှာပါ။

Ref : electrek