ကလေးတွေအတွက် အင်တာနက်မှာ လေ့လာစရာများပြားပေမယ့် အလွန်အကျွံ သုံးစွဲရင် မကောင်းပါဘူး။ အခုတော့ ပြင်သစ်က ဖခင် တစ်ယောက်ဟာ သူ့ ကလေးတွေ အင်တာနက် အလွန်အကျွံ သုံးလို့ အိမ်က အင်တာနက်ကို ယာယီ ဖြတ်တောက်ဖို့ ကြိုးစားရာကနေ တစ်မြို့လုံးရဲ့ အင်တာနက်ကို မတော်တဆ ဖြတ်တောက်မိတဲ့အတွက် ထောင် ၆ လကျခံရတော့မှာ ဖြစ်ပါတယ်။

A Father Accidentally Shut Down His Town’s Whole Internet in an Effort to Limit His Kids’ Screentime

အမည် မဖော်ပြထားတဲ့ ဖခင် တစ်ယောက်ဟာ Messanges မြို့က သူ့အိမ်ရဲ့ အင်တာနက် ဆက်သွယ်မှုကို ယာယီ ဖြတ်တောက်ဖို့ Multi-wave Band Jammer ကို အသုံးပြုခဲ့ပါတယ်။ Jammer တွေဟာ သတင်းအချက်အလက် ဆက်သွယ်ရေး လှိုင်းတွေကို ဖြတ်တောက်နိုင်တဲ့အတွက် ပြင်သစ်နဲ့ အမေရိကန် နိုင်ငံတွေမှာ အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။

Ground Report spoke to young Kashmiris how they feel without internet

အခု ဖြစ်ရပ်မှာ ဖခင်ဟာ လူမှုကွန်ရက်ကို စွဲစွဲလန်းလန်း အသုံးပြုနေတဲ့ ကလေးတွေကို ယာယီ အင်တာနက် ဖြတ်တောက်ဖို့ ကြိုးစားခဲ့တာပါ။ ရဲတွေက စစ်ဆေးမေးမြန်းတဲ့အခါမှာ သူက ညလယ်ခေါင်ကနေ နံနက် ၃ နာရီအတွင်း အိမ်က အင်တာနက်ကို ယာယီ ဖြတ်တောက်ချင်ခဲ့တာပါလို့ ပြောပါတယ်။ ကလေးတွေ ညဘက်မှာ အင်တာနက် မသုံးဘဲ အချိန်မှန် အိပ်ယာဝင်အောင် ရည်ရွယ်ခဲ့ပုံရပါတယ်။

ကံဆိုးသွားတာက Jamming Device ဟာ တစ်မြို့လုံးရဲ့ အင်တာနက်ကို ဖြတ်တောက်နိုင်လောက်အောင် စွမ်းရည် မြင့်မားနေပါတယ်။ အနီးအနား ပတ်ဝန်းကျင်မှ လူတွေက အင်တာနက် ပြတ်တောက်တဲ့အကြောင်း တိုင်ကြားရာကနေ ရဲတွေက စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဖခင်ဟာ ထောင် ၆ လကျခံရနိုင်သလို ဒဏ်ငွေ ယူရို ၃ သောင်း ပေးဆောင်ရဖွယ်ရှိနေပါတယ်။

Ref : gizmodo