ပြင်သစ် ဒီဇိုင်နာ Anne ဆိုသူ အမျိုးသမီးဟာ အွန်လိုင်း ကနေ Brad Pitt ဟန်ဆောင်ပြီး လိမ်လည်မှုကြောင့် ဒေါ်လာ ၈၅၀,၀၀၀ ဆုံးရှုံးသွားပါတယ်။
လိမ်လည်သူတွေဟာ သူမနဲ့ ချစ်ကြိုက်ဟန်ဆောင်ပြီး ကင်ဆာ ကုသဖို့အတွက် ငွေလွှဲပေးဖို့ ပြောခဲ့ကြပါတယ်။ အဲဒီ လိမ်လည်မှုဟာ ၂၀၂၃ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး Pitt ရဲ့ မိခင်က သူမထံ Message တွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Pitt ကိုယ်တိုင်က Message ပေးပို့ခဲ့ပါတယ်။
သူမရဲ့ သမီးက သတိပေးခဲ့ပေမယ့် Anne ဟာ ဒေါ်လာ ၈၀၀,၀၀၀ အပါအဝင် ငွေကြေးများစွာ ပေးပို့ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ Pitt ဟာ ချစ်သူ အသစ်နဲ့ တွဲနေတာကို သိခဲ့ရပြီးနောက်မှာ သံသယဝင်ခဲ့ပြီး ရဲကို တိုင်ကြားခဲ့ပါတယ်။
AI နည်းပညာဟာ လူသားတွေကို များစွာ အကျိုးပြုနေပေမယ့် အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ AI နဲ့ လူပုံ ၊ အသံ အတုတွေ ဖန်တီးပြီး လိမ်လည်မှုတွေဟာ ခေတ်စားနေတဲ့အတွက် သတိပြုသင့်ပါတယ်။
Ref : Technology Innovation