လော့စ်အင်ဂျလိစ်မှ Mike Johns ဟာ ပြီးခဲ့တဲ့လက လေဆိပ်ကို သွားတဲ့အချိန်မှာ မောင်းသူမဲ့ တက္ကစီထဲမှာ ပိတ်မိနေခဲ့ပါတယ်။ Waymo ရဲ့ မောင်းသူမဲ့ ကားဟာ ကားပါကင်မှာ စက်ဝိုင်းပုံ ပတ်သွားနေတဲ့အတွက် သူဟာ ဦးနှောက်ခြောက်သွားခဲ့ပါတယ်။
Johns ဟာ သူ့ရဲ့ ဖြစ်ရပ်ကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။ သူဟာ Phoenix မှ Sky Harbor နိုင်ငံတကာလေဆိပ်ကို သွားတဲ့ အချိန်မှာ ကားဟာ ကားပါကင်မှာ ၈ ကြိမ်လောက် စက်ဝိုင်းပုံ ပတ်သွားနေပါတယ်။ သူက Waymo ကို ဒီဖြစ်ရပ်ကို ဖုန်းဆက်ပြောပြခဲ့ပါတယ်။ သူက “ ငါ ကားထဲကထွက်လို့ မရဘူး။ Hack ခံရတာလား။ ဘာဖြစ်နေတာလဲ?” လို့ ဖုန်းဆက်ပြောခဲ့ပါတယ်။ ကုမ္ပဏီက တာဝန်ရှိသူက ကားကို ချက်ချင်း ရပ်တန့်ဖို့ ထိန်းချုပ်လို့ မရခဲ့ပါဘူး။
မိနစ်အနည်းငယ်ကြာပြီးနောက်မှာ Waymo ကုမ္ပဏီက ကားကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် Johns ဟာ ကယ်လီဖိုးနီးယားကို သွားမယ့် လေကြောင်း ခရီးစဉ် နောက်ကျခဲ့ရပါတယ်။ သူက ဒီအမှားဟာ လူကြောင့်လား ၊ AI ကြောင့်လားဆိုတာကို တာဝန်ရှိသူကို မေးခဲ့ပါသေးတယ်။
Johns ဟာ စွန့်ဦးတီထွင် နည်းပညာ သမား ဖြစ်ပြီး လက်ရှိမှာ “အလုပ်အကိုင်တွေ အပေါ် AI ရဲ့ အကျိုးသက်ရောက်မှု” စာအုပ်ကို ရေးသားနေသူ ဖြစ်ပါတယ်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မောင်းသူမဲ့ကား နဲ့ တိုင်ပတ်သွားတာ ဖြစ်ပါတယ်။
Ref : Technology Innovation