New York City (NYC) က စားသောက်ဆိုင် အသစ်တစ်ခုဟာ  ဝန်ထမ်းတွေအစား Zoom screen တွေကနေတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသူ (hostess) တွေကို ခန့်အပ်နေပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ NYC က အနိမ့်ဆုံး တစ်နာရီလုပ်ခ $16 ဒေါ်လာနဲ့ ဖိလစ်ပိုင်က တစ်နာရီမှာ $3.75 ဒေါ်လာပဲ ရတဲ့ လုပ်ခလစာ ကွာဟချက်ကို အခွင့်ကောင်း ယူလိုက်တာပဲ ဖြစ်ပါတယ်။

Manhattan, Queens နဲ့ Jersey City မှာရှိတဲ့ Sansan Chicken, Sansan Ramen နဲ့ Yaso Kitchen စားသောက်ဆိုင်ခွဲတွေဟာ (ဝန်ထမ်းက screen ထဲမှာပဲ ဖြစ်နေပေမယ့်) စားသုံးသူတွေကို 18% tip (ဝန်ဆောင်ခ) ပေးဖို့ တောင်းဆိုနေတုန်းပါပဲ။

NYC restaurants use Zoom cashiers from Philippines

Happy Cashier ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတဲ့ Pie ဆိုတဲ့ အသက် ၃၃ နှစ်အရွယ် ဝန်ထမ်းအမျိုးသမီးဟာ ဖိလစ်ပိုင်နိုင်ငံ၊ Subic မှာရှိတဲ့ သူမရဲ့ ဧည့်ခန်းထဲကနေမှာပဲ စားသောက်ဆိုင် ၃ ဆိုင်ကို တစ်ပြိုင်နက်တည်း စီမံခန့်ခွဲပေးနေပါတယ်။ သူမဟာ ရလာတဲ့ tip တွေကို မန်နေဂျာတွေ၊ မီးဖိုချောင်ဝန်ထမ်းတွေနဲ့ ခွဲဝေယူရပြီး၊ တစ်ခါက Jersey City က စားသုံးသူတွေဆီကနေ tip $40 ဒေါ်လာ ရခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါပေမဲ့၊ နည်းပညာရှင် (entrepreneur) တစ်ဦးဖြစ်တဲ့ Brett Goldstein ကတော့ အဲဒီလို အဝေးကနေ အလုပ်လုပ်နေတဲ့ လူသားဝန်ထမ်းတွေဟာ လာမယ့် ၆ လကနေ ၁၂ လအတွင်းမှာပဲ AI Avatars (AI ရုပ်ပုံတု) တွေနဲ့ အစားထိုးခံလိုက်ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

Ref : Fossbytes