နော်ဝေနိုင်ငံက အီလက်ထရောနစ် ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ဟာ အရမ်းကို ထူးခြားတဲ့ ပရိုမိုးရှင်းတစ်ခုကို စတင်လိုက်ပါတယ်။

အဲဒါကတော့ ကမ္ဘာတစ်ဝန်းက ဂိမ်းကစားသူတွေ မျှော်လင့်စောင့်စားနေတဲ့ Grand Theft Auto 6 (GTA 6) ဂိမ်းထွက်မယ့်ရက်မှာ ကလေးမွေးဖွားတဲ့ မိဘတွေကို ဂိမ်းအခမဲ့ ပေးသွားမယ်လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

Grand Theft Auto 6 is the first truly 'next-gen' console game I've seen and the only one that'll make me ditch my gaming PC for months | TechRadar

အဲဒီ ကမ်ပိန်းကို Komplett လို့ အမည်ရတဲ့ အရောင်းဆိုင်က ဆိုရှယ်မီဒီယာတွေနဲ့ ပရိုမိုးရှင်းပိုစတာတွေကတစ်ဆင့် ကြေညာခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ရရှိသွားခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီပရိုမိုးရှင်းကမ်ပိန်း စတင်တဲ့အချိန်နဲ့ ဂိမ်းထွက်ရှိလာနိုင်တဲ့ အချိန်ဟာ ကိုးလလောက် ကွာဟနေတာပါ။ ဒါပေမဲ့ တကယ်တမ်း ကလေးမွေးဖွားတာကို ဘယ်လိုမျိုး အသေးစိတ် အတည်ပြုစစ်ဆေးသွားမယ် ဆိုတာကိုတော့ သေချာဖော်ပြထားတာ မရှိသေးပါဘူး။

GTA 6 release delayed to November 2026

ဒီလို ထူးခြားတဲ့ ကမ်းလှမ်းချက်ကြောင့် ဂိမ်းချစ်သူတွေကြားမှာတော့ သဘောကျရယ်မောနေကြသူတွေ ရှိသလို၊ တချို့ကလည်း သံသယဖြစ်တာတွေ၊ ကျင့်ဝတ်နဲ့ညီရဲ့လားဆိုပြီး ငြင်းခုံတာတွေအထိ တုံ့ပြန်မှု အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ လုပ်ရပ်က GTA 6 ဂိမ်းအပေါ် ကမ္ဘာတစ်ဝန်းက ဘယ်လောက်အထိ မျှော်လင့်နေကြလဲ ဆိုတာနဲ့ ဂိမ်းမထွက်ခင်မှာတင် မားကတ်တင်း လှုပ်ခတ်မှုတွေ ဘယ်လောက်အထိ ကြီးမားနေလဲ ဆိုတာကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြနေပါတယ်။

Ref: Fossbytes