Xiaomi ရဲ့ Poco က  F1 စမတ်ဖုန်းကို ကြေညာထားတာ ကြာပြီ ဖြစ်ပြီး အဲဒီ ဖုန်းဟာ Flagship Killer အဖြစ် နာမည်ကြီးပါတယ်။ Poco ဟာ မကြာခင်ကပဲ Xiaomi ရဲ့ ဖုန်းတွေကို Poco Brand ကနေ ရောင်းချပေးခဲ့ပါတယ်။ Poco F1 ကတော့ Xiaomi ဆီကနေ ကော်ပီကူးထားတာ မဟုတ်ဘဲ တကယ့် ဖုန်း အသစ် ဖြစ်ပါတယ်။ Poco Fans တွေက အဲဒီလို ဖုန်းမျိုးကို ပိုကြိုက်ကြတာပါ။

အခုတော့ Poco အိန္ဒိယရဲ့ ဒါရိုက်တာ Anuj Sharma က F2 Pro ဟာ F1 ရဲ့ မျိုးဆက်သစ်လို့ မပြောနိုင်ဘူးလို့ ရှင်းပြပါတယ်။ F1 ရဲ့ မျိုးဆက်သစ်ကို Poco က ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက မကြာခင် ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။ အစောဆုံး အနေနဲ့ နောက်နှစ်လောက်ကျမှ ဈေးကွက်ထဲကို ရောက်လာမှာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဒီကာလအတွင်းမှာတော့ Poco ဟာ Xiaomi ရဲ့ ဖုန်းတွေကို ပုံတူကူး ထုတ်လုပ်ရောင်းချမှာပါ။

Sharma က အဲဒီ ဖုန်းတွေဟာ Redmi ဖုန်းတွေထက် ပိုကောင်းပြီး သုံးစွဲသူတွေအတွက် ပေးရတဲ့ ဈေးထက် ပိုတန်တယ်လို့ ပြောပါတယ်။ Poco ဟာ Brand အသစ် ဖြစ်တဲ့အတွက် ဈေးအစားစားရှိတဲ့ ဖုန်းအသစ်တွေကို ဖန်တီးထုတ်လုပ်နိုင်တဲ့ စွမ်းအား မရှိပါဘူး။ အဲဒီအတွက် Xiaomi ရဲ့ ဖုန်းတွေကို ကော်ပီကူးတဲ့ နည်းဗျူဟာကို ကျင့်သုံးနေတာပါ။

ဆော့ဖ်ဝဲ အကြောင်းပြောရရင် Poco ဟာ MIUI ကိုပဲ ဆက်လက် အသုံးပြုနေမှာပါ။ Poco ဟာ ဈေးကွက်ထဲမှာ ဖုန်းတွေ ပုံအောနေအောင်တော့ ရောင်းမှာ မဟုတ်ဘဲ Poco Pop Buds True Wireless နားကြပ်လို ဖုန်း မဟုတ်တဲ့ တခြား ထုတ်ကုန်တွေကို နယ်ချဲ့ ထုတ်လုပ်မှာပါ။

Ref : gsmarena