ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှ သေဆုံးသွားတဲ့ အမျိုးသားကို အေးခဲထားပြီး အနာဂတ်မှာ အသက်ပြန်သွင်းဖို့ ကြိုးစားနေကြပါတယ်။ အဲဒီ နည်းပညာကို Cryogenically Frozen လို့ ခေါ်ပါတယ်။

First Australian in history cryogenically frozen after death | news.com.au — Australia's leading news site

ဩစတြေးလျ ကုမ္ပဏီ Southern Cryonics က ပထမဆုံး Customer ကို အနာဂတ်မှာ အသက်ပြန်သွင်းဖို့ အောင်မြင်စွာ အေးခဲထားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ ကုန်ကျစားရိတ်က ဒေါ်လာ ၁၇၀,၀၀၀ ဖြစ်ပါတယ်။

သေဆုံးသွားသူဟာ အသက် ၈၀ ကျော် ဖြစ်ပြီး သေဆုံးသွားတာနဲ့ ချက်ချင်း ဆေးရုံ ကနေ အိမ်ကို ခေါ်သွားပြီး ရေခဲထဲမှာ နှစ်မြုပ်ထားပါတယ်။ အဲဒီနောက်မှာ ကုမ္ပဏီရဲ့ ပညာရှင် အဖွဲ့က ကိုယ်ခန္တာကို တည်ငြိမ်စေဖို့ ၁၀ နာရီကြာ အထူး ကုထုံးတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကုမ္ပဏီရဲ့ Holbrook Facility ကို သယ်ဆောင်သွားပြီး အအေးခန်းထဲမှာ အနုတ် ၂၀၀ ဒီဂရီဆဲလ်ဆီးယပ် အပူချိန်နဲ့ ထားရှိထားပါတယ်။

What If Everyone Froze for 1,000 Years?

လက်ရှိမှာ သိပ္ပံပညာရှင်တွေဟာ ဓါတ်ခွဲခန်းထဲမှာ လူသား ဆဲလ်တွေကို အောင်မြင်စွာ ဖန်တီးနိုင်ပြီ ဖြစ်ပေမယ့် လူသားတွေကို အသက်ပြန်သွင်းနိုင်မလား ဆိုတာကတော့ မသေချာသေးပါဘူး။

တစ်ဖက်မှာလည်း လူသေတွေကို အသက်ပြန်သွင်းတာဟာ စိုးရိမ်စရာတွေရှိလာနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

Ref: Tech Explorers