လ ဟာ အဆင့်မြင့် ဒေတာ စင်တာတွေ တည်ရှိရာ နေရာ ဖြစ်လာတော့မှာပါ။ အမေရိကန် ကုမ္ပဏီ Lonestar က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ လပေါ်မှာ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး ဒေတာ စင်တာကို တည်ဆောက်မှာ ဖြစ်ပါတယ်။ SpaceX ရဲ့ Falcon 9 ဒုံးပျံကို အသုံးပြုကာ ဒေတာ စင်တာကို လပေါ်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
ဒေတာ စင်တာကို Freedom လို့ အမည်ပေးထားပြီး နေရောင်ခြည် စွမ်းအင်ကို အသုံးပြုကာ လည်ပတ်မှာ ဖြစ်ပါတယ်။ အေးမြစေဖို့အတွက် Solid-state Drives တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ Freedom ကို နှစ်ပေါင်းများစွာ ဒေတာတွေ သိမ်းဆည်းထားဖို့ ရည်ရွယ်ထားပါတယ်။
Lonestar က “ဒါဟာ ကမ္ဘာ့ ပြင်ပမှာ ပထမဆုံး တည်ဆောက်တဲ့ ဒေတာ စင်တာ ဖြစ်လာမှာပါ။ ဒေတာများစွာကို သိမ်းဆည်းဖို့ ရည်ရွယ်ထားပါတယ်။ “ လို့ ပြောပါတယ်။ Lonestar ဟာ Freedom အတွက် နာမည်ကြီး ဖောက်သည်များစွာ ရထားပါတယ်။ အဲဒီအထဲမှာ The State of Florida , The Isle of Man Governmet , AI Firm Valkyrie နဲ့ Pop Rock Band Imagine Dragons တို့ ပါဝင်ပါတယ်။
လပေါ်မှာ ဒေတာ စင်တာ တည်ဆောက် ထိန်းသိမ်းရတာ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိပါတယ်။ ဒါ့အပြင် အာကာသကို ခရီးသွားရတဲ့အတွက် ကုန်ကျစားရိတ်များစွာ ရှိပါတယ်။ ဒါပေမယ့် လူသား မျိုးဆက်များစွာအတွက် တန်ဖိုးကြီးတဲ့ ဒေတာတွေကို သိမ်းဆည်းပေးထားနိုင်ပါတယ်။
Ref : Technology Innovation