၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့် ရောက်ရှိလာပြီးနောက် စူပါကွန်ပျူတာ ခန့်မှန်းတွက်ချက်မှုအရ ပြင်သစ်အသင်းဟာ ၂၇.၃၂ ရာခိုင်နှုန်းနဲ့ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး အများဆုံး အသင်းအဖြစ် ထိပ်ဆုံးက ဖော်ပြခြင်း ခံထားရပါတယ်။ ပြင်သစ်အသင်းရဲ့ နောက်မှာတော့ စပိန်အသင်းက ၂၁.၃၃ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက ၁၇.၂၈ ရာခိုင်နှုန်းနဲ့ တတိယ အခွင့်အရေး အသာဆုံးအဖြစ် ရေပန်းစားနေပါတယ်။

အင်္ဂလန်အသင်းကတော့ ၁၆.၄၈ ရာခိုင်နှုန်းနဲ့ စူပါကွန်ပျူတာ ခန့်မှန်းချက်ရဲ့ စတုတ္ထနေရာမှာ ရှိနေပြီး နော်ဝေအသင်းက ၆.၅၇ ရာခိုင်နှုန်းနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ၎င်းတို့ရဲ့ နောက်မှာတော့ ဆွစ်ဇာလန်၊ မော်ရိုကိုနဲ့ ဘယ်လ်ဂျီယံ အသင်းတို့က အစဉ်လိုက် အသီးသီး လိုက်ပါလျက်ရှိနေပါတယ်။

ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။
Ref : Khaosod