AI မှတ်ဉာဏ် startup ကုမ္ပဏီ Memvid က professional AI bully အဖြစ် လုပ်ကိုင်ဖို့ တစ်ရက်ကို ဒေါ်လာ ၈၀၀ ပေးမယ့် တစ်ရက်စာ အလုပ်တစ်ခုကို ကမ်းလှမ်းထားပါတယ်။

Startup Is Offering $800 to Bully AI for the Day - Business Insider

အဲဒီရာထူးဟာ chatbot တွေနဲ့ ၈ နာရီကြာ စကားပြောဆိုရမှာဖြစ်ပြီး သူတို့ရဲ့ တုံ့ပြန်မှုတွေနဲ့ အမှားတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရမှာ ဖြစ်ပါတယ်။

စမ်းသပ်သူတွေအနေနဲ့ bot တွေကို အကြောင်းအရာတွေ မှတ်မိဖို့ ခိုင်းစေရမှာဖြစ်ပြီး သူတို့ မေ့သွားတာကို စောင့်ကြည့်ရမှာ ဖြစ်သလို သူတို့ရဲ့ ကျရှုံးမှု၊ ကမောက်ကမဖြစ်မှုနဲ့ ထပ်တလဲလဲ ပြောနေတဲ့ စကားဝိုင်းတိုင်း ကို မှတ်တမ်းတင်ရမယ်လို့ အလုပ်ခေါ်စာမှာ ဖော်ပြထားပါတယ်။

Memvid Is Hiring Someone To Bully Its AI

ပါဝင်သူတွေဟာ chatbot တွေက အတိတ်က အကြောင်းအရာတွေနဲ့ စကားဝိုင်းတွေကို ဘယ်လောက်အထိ မှတ်မိနိုင်စွမ်းရှိလဲ ဆိုတာကို စမ်းသပ်နေစဉ်အတွင်း သူတို့ရဲ့ တုံ့ပြန်မှုတွေကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ AI မှတ်ဉာဏ်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်နိုင်ဖို့နဲ့ အနာဂတ် chatbot နည်းပညာကို တိုးတက်စေဖို့ ကူညီပေးလိမ့်မယ်လို့ Memvid က ပြောပါတယ်။

Ref : Fossbytes