ဒေါ်လာ ၁၈ ဘီလီယံလောက် တန်ဖိုးရှိတဲ့ AI startup ကုမ္ပဏီဖြစ်တဲ့ Perplexity က Google ရဲ့ Chrome browser ကို ဝယ်ယူဖို့အတွက် ဒေါ်လာ ၃၄.၅ ဘီလီယံနဲ့ ငွေသားအပြည့်ပေးချေမယ့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
Perplexity ရဲ့ ကိုယ်ပိုင်တန်ဖိုးထက် နှစ်ဆနီးပါးရှိတဲ့ အဲဒီကမ်းလှမ်းမှုမှာ Chrome ရဲ့ Chromium engine ကို open-source အဖြစ် ဆက်လက်ထားရှိဖို့၊ စွမ်းဆောင်ရည်နဲ့ လုံခြုံရေးအတွက် နှစ်နှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့၊ Google ကို default search engine အဖြစ် ဆက်ထားဖို့နဲ့ Chrome ရဲ့ အဓိကဝန်ထမ်းတွေကို ဆက်လက်ခန့်ထားဖို့ဆိုတဲ့ ကတိတွေ ပါဝင်ပါတယ်။
အခုလို ကမ်းလှမ်းမှုက Google ဟာ အမေရိကန်ရဲ့ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဖက်ဒရယ်တရားသူကြီးတစ်ဦးက Google ဟာ အင်တာနက်ရှာဖွေရေးမှာ တရားမဝင် လက်ဝါးကြီးအုပ်ထားတယ်လို့ ဆုံးဖြတ်ခဲ့ပြီး တရားရေးဝန်ကြီးဌာနကလည်း ဖြေရှင်းချက်အနေနဲ့ Google ကို Chrome browser ရောင်းချဖို့ အဆိုပြုထားပါတယ်။
ကျွမ်းကျင်သူတွေကတော့ အဲဒီသဘောတူညီချက်က ဖြစ်နိုင်ခြေမရှိဘဲ တကယ်ဝယ်ယူတာထက် လူသိများအောင်လုပ်တဲ့ ကြော်ငြာသက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စက Perplexity ကုမ္ပဏီနဲ့ သူ့ရဲ့ Comet browser အသစ်ကို လူအများ အာရုံစိုက်လာစေခဲ့ပြီး AI နဲ့ web technology နယ်ပယ်မှာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။
Ref : Technology Innovation