အမေရိကန် ပြည်ထောင်စု San Mateo အခြေစိုက် startup ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Alef Aeronautics က သူ့ရဲ့ ကားပျံ Model A ကို စတင် စမ်းသပ်မောင်းနှင်ဖို့ Silicon Valley မှာရှိတဲ့ Hollister နဲ့ Half Moon Bay လေဆိပ်တွေနဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီကားက လျှပ်စစ်စွမ်းအင် အပြည့်အဝနဲ့ အလုပ်လုပ်တာဖြစ်ပြီး လမ်းတွေပေါ်မှာ (ကားတစ်စီးလို) မောင်းနှင်နိုင်တဲ့အပြင်၊ ဒေါင်လိုက် ပျံတက်နိုင်၊ ပျံသန်းနိုင်ပြီး လေယာဉ်တစ်စင်းလို ပြန်လည်ဆင်းသက်နိုင်ပါတယ်။ ကားအဖြစ် မောင်းမယ်ဆိုရင် မိုင် ၂၀၀ အထိ ရောက်ပြီး လေယာဉ်အဖြစ် ပျံသန်းမယ်ဆိုရင် မိုင် ၁၁၀ အထိ ခရီးအကွာအဝေး ရရှိမှာ ဖြစ်ပါတယ်။
စီးပွားဖြစ် ထုတ်လုပ်မယ့် Model A ကို အသုံးမပြုခင်မှာ၊ ကနဦး စမ်းသပ်မှုတွေအဖြစ် ပိုပြီး သေးငယ်တဲ့ Model Zero Ultralight မော်ဒယ်ကို အရင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Alef ကုမ္ပဏီက Model A အတွက် ကြိုတင်မှာယူမှုပေါင်း ၃,၃၀၀ ကျော် လက်ခံရရှိထားပြီး၊ ကားတစ်စီးရဲ့ ဈေးနှုန်းကို ဒေါ်လာ ၃ သိန်း ($300,000) လောက် သတ်မှတ်ထားပါတယ်။ ဝယ်ယူသူတွေအနေနဲ့ အွန်လိုင်းကနေ စပေါ်ငွေ ဒေါ်လာ ၁၅၀ နဲ့ ကြိုတင်မှာယူနိုင်ပြီး၊ ဦးစားပေး အစီအစဉ် (priority) အတွက်ဆိုရင်တော့ ဒေါ်လာ ၁,၅၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ဒီစမ်းသပ်ပျံသန်းမှုတွေကနေ ကားပျံတွေဟာ ပုံမှန် လေကြောင်းသွားလာမှုတွေ (air traffic) ကြားထဲမှာ ဘယ်လို အံဝင်ခွင်ကျ ဖြစ်မလဲဆိုတာကို လေ့လာသွားမှာပါ။ လေဆိပ်နှစ်ခုစလုံးဟာ အနာဂတ်မှာ ကားပျံတွေရဲ့ အဓိက ဗဟိုအချက်အချာ နေရာတွေ (hubs) ဖြစ်လာနိုင်ပြီး၊ ဒါက လျှပ်စစ် လေကြောင်းကဏ္ဍ (electric aviation) ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ဖို့အတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်လာပါတယ်။
Ref : Technology Innovation