တရုတ် နည်းပညာ ဘီလူးကြီး Alibaba က COVID-19 (coronavirus) ကို စစ်ဆေးနိုင်တဲ့ AI နည်းပညာ အသစ်ကို ဖန်တီးလိုက်ပါတယ်။ Alibaba က သူ့ရဲ့ AI နည်းပညာဟာ ကိုရိုနာဗိုင်းရက်စ်ကို ၉၆ ရာခိုင်နှုန်း မှန်ကန်အောင် စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ဆေးချိန်ဟာ စက္ကန့် ၂၀ ပဲကြာတဲ့အတွက် အရမ်းကို မြန်ပါတယ်။ သာမာန် နည်းလမ်းအတိုင်းဆိုရင် ဆေးပညာရှင်တွေဟာ ဓါတ်ပုံပေါင်း ၃၀၀ ကျော်လောက်ကို စစ်ဆေးရတဲ့အတွက် စစ်ဆေးချိန်ဟာ ၁၅ မိနစ်ကြာမြင့်တတ်ပါတယ်။

ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုပေါင်း ၅၀၀၀ ထောင်က ဒေတာတွေနဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး Alibaba ရဲ့ AI ကို လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပြီး တရုတ်က ဆေးရုံများစွာမှာ AI ကို စမ်းသပ်နေပါပြီ။ Nikkei’s Asian Review က အနည်းဆုံး ဆေးရုံနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ စင်တာပေါင်း ၁၀၀ မှာ Alibaba ရဲ့ AI ကို လက်ရှိမှာ အသုံးပြုနေတယ်လို့ ပြောပါတယ်။

တရုတ်မှာ ဒီလို နည်းပညာကို သုံးပြီး ကိုရိုနာဗိုင်းရက်စ်ကို စစ်ဆေးနိုင်တာ Alibaba ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်း Ping An ကလည်း ဒီလို နည်းပညာမျိုးကို မကြာခင်က ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့  စမတ်စီးတီး ဌာနမှ ဥက္ကဌနဲ့ နည်းဗျူဟာ အရာရှိက “ ဓါတ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ AI ကို ကျန်းမာရေး အဖွဲ့အစည်း ၁၅၀၀ ကျော်မှာ အသုံးပြုနေပါတယ်။ လူနာပေါင်း ၅၀၀၀ ကျော်အတွက်လည်း အခမဲ့ ပံ့ပိုးပေးခဲ့ပြီးပါပြီ။ AI က ၁၅ စက္ကန့်အတွင်းမှာ အဖြေထုတ်ပေးနိုင်ပြီး ၉၀ ရာခိုင်နှုန်းနဲ့အထက် တိကျပါတယ်။ “ လို့ ပြောပါတယ်။

Ref : tnw