Apple က iOS 18 မှာ တိုးတက်မှုများစွာကို ထည့်သွင်းပေးလိုက်ပြီး အဓိကက Apple Intelligence လို့ ခေါ်တဲ့ AI ပါလာပါတယ်။ ဒါ့အပြင် RCS ကို အသုံးပြုလို့ရလာသလို တခြား ဆက်သွယ်ရေး Features ( Text Effects, Emoji Reaction စသဖြင့်) တွေ ထည့်သွင်းပေးထားပါတယ်။ Password Manager ပါလာသလို Customization Features တွေ တိုးတက်လာပါတယ်။ သတင်းကောင်းက iOS 17 ရထားတဲ့ iPhone အားလုံးဟာ iOS 18 ကို ရကြမှာပါ။

Apple introduces ChatGPT to iPhone in... - Mobile World Live

၂၀၁၈ ခုနှစ်ထုတ် iPhone XR, XS နဲ့ XS Max တို့ဟာ iOS 18 ကို ရကြမှာပါ။ မူလ iPhone SE ကတော့ iOS 16 ပဲရထားတဲ့အတွက် iOS 18 ကို မရပါဘူး။ ဒါပေမယ့် ၂၀၂၀ ခုနှစ်ထုတ် ဒုတိယ မျိုးဆက်နဲ့ ၂၀၂၂ ခုနှစ်ထုတ် တတိယမျိုးဆက်တို့ဟာ iOS 18 ကို ရမှာပါ။

Apple Intelligence Logo and symbol, meaning, history, PNG, brand

iOS 18 ရမယ့် iPhone စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

 

ဒါပေမယ့် iPhone 15 Pro နဲ့ 15 Pro Max တို့မှာပဲ Apple Intelligence ကို ရကြမှာပါ။ iPhone 15 နဲ့ 15 Plus အပါအဝင် iPhone အဟောင်းတွေဟာ Apple Intelligence ကို မရပါဘူး။ Apple A17 Pro Chipset ထည့်ထားတဲ့ iPhone 15 Pro မော်ဒယ် ၂ လုံးမှာပဲ Apple Intelligence ရကြမှာ ဖြစ်ပြီး A Series Chip အဟောင်းထည့်ထားတဲ့ iPhone တွေမှာ မရပါဘူး။

Ref : gsmarena