ပြီးခဲ့တဲ့နှစ်မှာ Apple ဟာ A16 Bionic Chip ပါတဲ့ iPhone 15, iPhone 15 Plus နဲ့ A17 Pro ပါတဲ့ iPhone 15 Pro, iPhone 15 Pro Max ကို ရောင်းချခဲ့ပါတယ်။ Pro နဲ့ Non-Pro မော်ဒယ်တွေမှာ မတူညီတဲ့ Chip ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒါကို လူတွေက သိပ်မကြိုက်ကြပါဘူး။ iPhone 15 Pro နဲ့ 15 Pro Max မှာပဲ Chipset ကြောင့် Apple Intelligence ကို ရကြမှာပါ။

Apple Leak Confirms Four iPhone 16 Models With Same A18 Chip - MacRumors

အခုတော့ Apple က ဒီနှစ်မှာ အဲဒီလိုမျိုး မလုပ်တော့ဘူးလို့ သတင်းကောင်းထွက်လာပါတယ်။ Apple ဟာ iPhone 16 မော်ဒယ်အားလုံးမှာ A18 Chip ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

Leaked internal code suggests iPhone 16 series to be powered by A18 chip | Technology News - The Indian Express

Non-Pro iPhone 16 တွေမှာ A18 နဲ့ Pro တွေမှာ A18 Pro Chip ထည့်သွင်းထားနိုင်ပါတယ်။ အနည်းဆုံးတော့ Non-Pro တွေမှာ ပြီးခဲ့တဲ့နှစ်ထုတ် Chip ကို မထည့်သွင်းထားတာက သတင်းကောင်းပါ။

Apple ရဲ့ Code တွေမှာ ဖုန်း မော်ဒယ် ၅ လုံးကို  တွေ့နေရပြီး နောက် ၁ လုံးက နောက်မျိုးဆက် iPhone SE ဖြစ်လာနိုင်ပါတယ်။ အဲဒီဖုန်းကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ကြေညာနိုင်ပြီး iPhone 16 Series နဲ့ တူညီတဲ့ Chip ထည့်သွင်းထားမှာပါ။

Ref : gsmarena